抖阴社区

You are my oxygen ?? ??O?

Start from the beginning
                                    

အချစ်~ မနိုးထချင်တဲ့ ပျံသန်းနေတဲ့ အိပ်မက်တွေကိုလည်း အိပ်မက်ဖမ်းကြိုးလေးအဖြစ်နဲ့ ကိုယ်က သိမ်းဆည်းချည်နှောင်ပေးထားချင်‌သေးတာရယ်~~~

မင်း ဖန်တီးသမျှ အနုပညာပြချက်တွေကို ကိုယ်က အမြဲတမ်းအသိအမှတ်ပြုပြီး အားပေးသွားပါ့မယ် ♡

သာမာန်လူသားလေးတယောက်အနေနဲ့ရော အနုပညာရှင်တယောက်အနေနဲ့ပါ မင်းကို ကိုယ်က တနင့်တပိုး ချစ်မြတ်နိုးရပါတယ် ကောင်ကလေးရဲ့~

ကိုယ့်ကို ယုံကြည်လို့ရပါတယ်~

အချစ်~သိလား?? မင်း ဖျက်သိမ်းပစ်လိုက်တဲ့ Decalcomania သီချင်းထဲက စိတ်တိုင်းမကျမှုတွေလို ကိုယ်လည်းဖြစ်ခဲ့ဖူးကြောင်း ၊ လူတိုင်းအဲ့ဒီလိုခံစားမှုတွေရှိကြောင်း မင်းကို ကိုယ် ပြောပြချင်ပါသေးတယ်~~~

မင်းဟာ ကိုယ့်ရဲ့ Personal Therapist လေး ဖြစ်ပေးခဲ့သလို ကိုယ်လည်း မင်းအတွက် Personal Therapist လေး ပြန်ဖြစ်ပေးချင်ပါတယ် ကောင်ကလေးရဲ့♡

မင်း လိုအပ်မယ်ဆိုရင်ပေါ့~ ကိုယ်ဟာ မင်းအတွက် နားထောင်သူကောင်းတစ်ယောက်လည်းဖြစ်ပေးနိုင်သလို သူငယ်ချင်းကောင်းတစ်ယောက်လိုလည်း ဖြစ်ပေးနိုင်ပါတယ်.......

ချစ်မြတ်နိုးရသူတွေနဲ့ ပတ်သတ်လာရင် ထိရှလွယ်လွန်းတဲ့ မင်းရဲ့ ဖြူဖြူစင်စင်စိတ်ကလေးကို ကိုယ့်မှာပိုပြီးတော့ ကာကွယ်‌ပေးချင်မိတာ~~~

ကိုယ့်ကမ္ဘာထဲမှာ မင်းက တန်ဖိုးအထားရဆုံးသော သက်ရှိကလေးပဲ ♡

ကိုယ် တနင့်တပိုး မြတ်နိုးရတဲ့ကောင်ကလေးရဲ့ အပြုံးပန်းတွေ စက္ကန့်တိုင်းမှာ အလှပဆုံးပွင့်လန်းပါစေကွယ်~~~

You know...You are my oxygen my precious boy ♡ ̆̈O²

#Starry
#Letterformyeuphoria🐰💌

(Zawgyi)

မင်းရှိနေလို့ပဲ ဒီဘဝကို ငါမက်မောနေရတာ သိလား??

Golden Album‌လေး ကိုယ့်ဆီ ရောက်လာတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သွားထိုးဖြစ်ခဲ့တဲ့ သရဖူတက်တူးလေးဟာ Golden albumအတွက် posterရိုက်ကူး‌ရေးမှာ အချစ်ရေးဆွဲထားတဲ့ သရဖူ‌လေးနဲ့ဆင်နေတော့ ကိုယ့်မှာ ပိုပျော်ခဲ့ရ‌တာ ကောင်လေးရဲ့~~

Letters For My Euphoria??Where stories live. Discover now