6လပိုင်းအစ(6လပိုင်း ၊ 7ရက် ၊ 20224ခုနှစ်)မှာပဲ ပွဲဦးထွက်ခဲ့တာ 11နှစ်ပြည့်အတွက် လက်ဆောင်ပေးထားတဲ့ မြတ်နိုးရာကလေးရဲ့ Never Let Go သီချင်းနဲ့ နှိုးထလာမိတဲ့ နံနက်ခင်းလေး~~~
🎼And when the days gеt longer
You fill my world with wonder
Everybody needs somebody
You been that somebody
So stay with me and keep holding on
(Never let go, go, go, go, go, go)¹¹🎼
(ခက်ခဲပင်ပန်းတဲ့နေ့ရက်တွေမှာ မင်းက ကိုယ့်ဘဝကို ပျော်ရွှင်စေခဲ့တာပါ။ လူတိုင်း တစ်စုံတစ်ယောက်ကို လိုအပ်ရတယ်လေ။ မင်းက ကိုယ် လိုအပ်နေရတဲ့ သူပါ။ ဒါကြောင့် ကိုယ့်အနားမှာ အမြဲအတူရှိနေပေးပါနော်။ ကိုယ့်ကို ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့ကွာ။ (ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့နော်)¹⁰)
ဒီနေ့ဆိုရင် အချစ်ကလေး တာဝန်ထမ်းဆောင်တာ ရက်200တောင်ပြည့်သွားပြီပဲ......
12ရက်နေ့တုန်းကတော့ တာဝန်ထမ်းဆောင်တာ ပြီးမြောက်သွားပြီဖြစ်တဲ့ အကိုအကြီးဆုံး Jin Hyungကို သွားကြိုတဲ့ အချစ်ကလေးပုံလေးတွေ ကို ကိုယ်မြင်တွေ့ခဲ့ရသေးတယ်~~~
အချစ်က Military Uniformနဲ့လည်း သိပ်လိုက်ဖက်တာပဲ💓တာဝန်ထမ်းဆောင်ရင်း ထိခိုက်ထားမိတဲ့ လက်ဖျံနားက အမာရွတ်တစ်ချို့ကို မြင်ရတော့ ကိုယ့်မှာ ရူးမလိုနာကျင်ခဲ့ရ......
ရှေ့လျှောက် အထိအခိုက်တွေ ပိုနည်းပါးဖို့ပဲ ကိုယ့်မှာတောင်းဆုခြွေရတယ်~~~
🎼Being who you are, being who you are in the dark
You were the light that led me to you
I'm grateful (For you)
It's simple (With you)
I'll never (Leave you)
I'm better (With you)
It's too good (With you)
It's my turn to give back for all that you do🎼
(မင်းက ဘယ်သူပဲဖြစ်နေပါစေ။ ဘယ်သူပဲဖြစ်နေပါစေကွာ။ အလင်းရောင်မရှိတဲ့ ကိုယ့်ဘဝကို မင်းက အလင်းဆောင်ပေးနိုင်ခဲ့တဲ့သူ ဖြစ်ပေးခဲ့တာပါ။
ကျေးဇူးတင်ရပါတယ် (မင်းကိုလေ)
ရိုးရှင်းလွန်းပါတယ် (မင်းနဲ့အတူတူသာဆိုရင်)
ကိုယ် ဘယ်တော့မှ (မင်းကိုထားခဲ့မှာ မဟုတ်ပါဘူး)
ကိုယ့်ကိုကိုယ် ပိုကောင်းလာတယ်လို့ ခံစားရတယ် (မင်းနဲ့အတူတူသာဆိုရင်)
အဆင်ပြေပါတယ် (မင်းနဲ့အတူတူသာဆိုရင်)
မင်းလုပ်ပေးခဲ့တာတွေ အားလုံးအတွက် အခု ကိုယ်ပြန်ပေးရမယ့် အလှည့်ပါပဲ။)
"မင်းလုပ်ပေးခဲ့တာတွေ အားလုံးအတွက် အခု ကိုယ်ပြန်ပေးရမယ့် အလှည့်ပါပဲ။"တဲ့~~~
အချစ်ကလေးရဲ့ ချစ်ခြင်းမေတ္တာပင်လယ်ထဲ ကိုယ်နစ်မွန်းခဲ့ရ~~~
ခက်ခဲပင်ပန်းစရာတွေကြုံတိုင်း အကောင်းဆုံးရင့်ကျက်စွာ ရင်ဆိုင်ဖြေရှင်းလေ့ရှိပြီး ပရိသတ်ကိုတော့ ပျော်ရွှင်စရာ ကြည်နူးစရာတွေကိုပဲ အမြဲပြသပေးလို့ ကိုယ့်မှာ အချစ်ကလေးကို ပိုမြတ်နိုးလာခဲ့ရတယ်.....
အခုထက်လည်း ပိုကာကွယ်ပေးချင်မိခဲ့ရ.......
ထာဝရအတွက် အဆုံးမရှိတဲ့ ကိုယ့်ချစ်ခြင်းတွေကို ကိုယ်စားပြုပေးနိုင်မယ့် Baby's breathပန်းတွေကို အချစ်ဆီ စာလွှာပါးတဲ့အခါ ထည့်ပေးလိုက်ချင်♥︎
မေတ္တာပေးလို့ မေတ္တာပြန်ရတဲ့နေ့ရက်တွေဟာ ရှင်သန်ရတဲ့ နေ့ရက်တွေထဲ နေချင့်စဖွယ် အကောင်းဆုံးပါပဲ~~~
#Starry
#Lettersformyeuphoria🐰💌
(Zawgyi)
You been that somebody
I'm grateful (For you)
It's simple (With you)
I'll never (Leave you)
I'm better (With you)
It's too good (With you)
#Starry