အပိုင်း-၁
မှုံခုတင်ထက်လဲလျှောင်းကာမေ့မြောနေတယ့့်မာန့်ဘေး၀င်ထိုင်လိုက်ပြီးဆံနွယ်တိုတိုစိပ်စိပ်တွေကိုလက်နဲ့သပ်တင်ပေးလိုက်သည်..
ငယ်ရုပ်မပျောက်ပေမယ့့်မာန်ဟာခုတော့သိပ်ကိုခန့့်ညားတယ့့်ယောကျာ်းတစ်ယောက်အသွင်ပြောင်းလဲနေချေပြီ..
မဲနက်နေတယ့့်မျက်ခုံးထူထူ..နှာတံချွန်းချွန်းနဲ့တည်တင်းနေတယ့့်နှုတ်ခမ်းတစ်စုံ
သူမမာန့်မျက်နှာထက်ကအစိတ်အပိုင်းတစ်ခုစီကိုလက်ချောင်းသွယ်သွယ်တို့နဲ့ဖွဖွထိကာကြည့်နေမိသည်..
သတိရလလို့သူမကိုတွေ့ရင်မာန်ဘယ်လိုတုံ့ပြန်မည်လဲသူမမတွေးတတ်..
မုန်းနေမလား..စိတ်နာနေမလားဒါမှမဟုတ်..
🌸🌸
မာန်နဲ့သူမကငယ်သူငယ်ချင်းတွေဆိုတာထပ်ပိုခဲ့ကြပါတယ်မိဘတွေကလည်းသိပ်ကိုရင်းနှီးခဲ့ကြတယ့်မိတ်ဆွေတွေပေါ့..မာန့်ဖေဖေနဲ့မေမေကမာန်ငယ်ငယ်လေးကတည်းကကွဲနေကြတာဖြစ်ပြီးမာန်ကအရင်တည်းကခပ်ဆိုးဆိုးကောင်လေးတစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့တော့တာပင်..
~~~
လွန်ခဲ့သောနှစ်တွေကမမ..မမ..မပြီးသေးဘူးလားဗျာကြာလိုက်တာ..
လာပါပြီမာန်ရယ်
မာန့်ရယ့်စိတ်မရှည်ဟန်အသံကြောင့်မှုံအပေါ်ထပ်ကနေပျာရိပျာရာလေးဆင်းလာကာထမင်းဗူးလေးဆွဲပြီးထွက်လာခဲ့လိုက်သည်
ကြာလိုက်တာဗျာဘာတွေဒီလောက်တောင်ပြင်နေလို့ကြာနေတာလဲ
ဘာမှမပြင်ရပါဘူးမာန်ရယ်နင်ဘဲငါချက်တယ့်ကြက်သားစပ်ချဥ်လေးစားချင်တယ်ဆိုလို့ကို
ချက်ခဲ့လား
အင်းအများကြီးထည့်လာတယ်
ပြီးတာဘဲမမကအကောင်းဆုံးဘဲ
တစ်နှစ်ဘဲကွာတာကိုမမလို့မသုံးပါနဲ့မာန်ရယ်
မရဘူးကျနော်နှုတ်ကျိုးနေပြီမမကလည်းဒီတိုင်းခေါ်တာဘာဖြစ်လည်း
ဘာမှတော့မဖြစ်ပါဘူးငါနဲ့နင်ကအတန်းတူတူဘဲဆိုတော့ငါ့သူငယ်ချင်းတွေကရီကြလို့

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...