Please Don't Change
အပိုင်း-၃၂
မာန်မရှိတော့နဒီကလည်းကြာကြာမနေဘဲပြန်သွားတော့သည်..သူမလည်းအတွေးတွေနဲ့အတူမာန့်အိမ်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်သည်..သူမမာန့်နားကပ်တွယ်မနေချင်တော့သူမကြောင့်နဲ့ဘယ်သူ့ကိုမှမထိခိုက်စေချင်တာကြောင့်ပင်..
~~~~~
မာန်ရောက်ပြီးနောက်ရက်လောက်နေမှနဒီလည်းပြန်ရောက်လာခဲ့သည်သူမတို့ရဲ့ဆက်ဆံရေးကအရင်လိုဘဲရှိနေဆဲပင်..
မာန်ကခုထက်ထိသူမကိုမိန်းကလေးတစ်ယောက်ဟုထင်မြင်ပုံမပေါ်..
သူမဘာတွေလွဲမှားနေတာလည်းမာန့်အကြိုက်သူမအကုန်ပြောင်းလဲနိုင်ပေမယ့်မာန်ကတော့သူမကိုဘယ်တော့မှသဘောကျနိုင်မည်မဟုတ်မှန်းသူမတွေးထင်မိသည်..
သူမအတွေးတွေထဲနစ်မြောနေတုန်း
နဒီနင့်မလည်းရောဂါကမသေးဘူးနော်မာန့်ကိုအဲ့လောက်သဘောကျလား
မုန်းမာန်စကားကြောင့်မာန်၀ိုင်သောက်နေရင်း
မုန်းမာန်မင်းကလည်းငါတို့ကိုအဲ့လိုမစနဲ့ငါ့မှာသဘောကျနေရတယ့်မိန်းကလေးရှိတယ်..ငါနဲ့မမနဲ့ဒီကအလုပ်ကိစ္စတွေပြီးလို့ပြန်ဖြစ်ရင်လက်ထပ်ကြတော့မှာ..
ဘယ်လိုမင်းတကယ်ပြောနေတာလား..
မာန့်စကားကြောင့်မော်ကွန်းအံ့ဩတကြီးပြောလိုက်တော့
အင်းငါကညာပြောဖူးလို့လား..
မင်းနဒီ့ကိုထည့်မတွက်တော့ဘူးလား
ငါကဘာကိုထည့်တွက်ရမှာတုန်း..
မင်းနဲ့နဒီကိုအန်ကယ်ကပေးစားဖို့စီစဥ်နေတာအားလုံးအသိဘဲ..
ယူမယ်လို့ငါပြောမိလို့လား
မင်း!!
မော်ကွန်းလက်တို့ကမာန့်အင်္ကျီကော်လံကိုဆုတ်ကိုင်လာသည်ကြောင့်မုန်းမာန်ဆွဲလိုက်သလိုနဒီလည်းမော်ကွန်းလက်ကိုဆွဲရင်း..
မော်ကွန်းနင်တော်တော့ဟာ..
နဒီ!
ငါအဆင်ပြေတယ်မော်ကွန်း..မာန်ပြောတယ့်ထဲမှာအမှားမှမပါတာ..
YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
