抖阴社区

Part-16

1.8K 29 0
                                    

Please Don't Change

အပိုင်း-၁၆

မာန်ခုတင်ထက်ကျောမှီထိုင်ရင်းမျက်နှာချင်းဆိုင်နားလောက်မှာစာအုပ်ထိုင်ဖတ်နေတယ့်မှုံ့ကိုအလိုမကျမျက်ခုံးတစ်စုံတွန့်ချိုးရင်းကြည့်နေမိသည်..

ဒေါ်မှုံနံ့သာ!

သူခေါ်လိုက်တော့သူမကစာအုပ်ကလေးချရင်းအနားလျှောက်လာသည်..

ဘာမှမပြောင်းလဲဘူး..အရင်တုန်းကလိုဘဲနူးနူးညံ့ညံ့လေး..သူမကခုချိန်ထိသူ့ရင်ကိုလွှမ်းမိုးနေဆဲပင်..

ခင်ဗျားဘာလုပ်နေတာလဲ..

စာအုပ်ဖတ်နေတာပါ..

ခင်ဗျားပြောမှလားစာအုပ်ဖတ်နေတာကျုပ်မြင်တာပေါ့..ခင်ဗျားအလုပ်ကစာအုပ်ကိုairconခန်းထဲဖတ်ဖို့ကျုပ်ငှားထားတာလား..

ရှင်လည်းကျန်းမာနေပြီမို့ပါ..နာတာရှည်ရောဂါသည်လည်းမဟုတ်တော့လုပ်ပေးစရာသိပ်များများဆားဆားမရှိလို့ပါ..

ကျုပ်ရေချိုးချင်တယ်..

အဲ့တာတော့မဖြစ်ဘူးလေ..

ကျုပ်ရေမချိုးရင်ညီးစီစီနဲ့မို့နေလို့မကောင်းဘူးရေချိုးမရရင်ရေ၀တ်တိုက်ပေး..

...............

ဘာလဲခင်ဗျားကလူနာကိုပြုစုပေးရမှာမဟုတ်ဘူးလား..ခင်ဗျားကသူနာပြုတစ်ယောက်မဟုတ်ဘူးလား..

သူပြောလိုက်တော့သူမကရေချိုးခန်းဘက်၀င်သွားသည်မို့သူခပ်ရေးရေးသာပြုံးလိုက်မိသည်..

ရေဇလုံလေးနဲ့ပြန်ထွက်လာကာ..ဗီရိုပုလေးထဲကတဘက်တထည်ယူလိုက်ကာသူ့နားပြန်လျှောက်လာတယ့်သူမ..

အင်္ကျီချွတ်လိုက်ပါလား..

ခင်ဗျားချွတ်ပေးလေ..

သူမလက်ထဲကပု၀ါလေးကိုခုတင်ပေါ်ချရင်းသူ့ရှေ့မတ်တပ်ရပ်လိုက်ကာသူ့ကြယ်သီးလေးတွေကိုခပ်ဖွဖွဖြုတ်ပေးရှာသည်..

အင်္ကျီကြယ်သီးလေးအကုန်ပြုတ်သွားပြီဆိုတော့သူမကအင်္ကျီလေးကိုချွတ်ပေးရှာသည်..

သူကတော့သူမမျက်နှာလေးကိုသာစိုက်ကြည့်နေလိုက်သည်..

သူမလည်းအင်္ကျီလေးအကုန်ကျွတ်သွားမှခုတင်ဘေးလေးတင်ထားလိုက်ကာတဘက်ကလေးရေစွတ်ပြီးခန္ဓာကိုယ်ကိုရေ၀တ်တိုက်ပေးလိုက်သည်..

Please Don't Change S-1Where stories live. Discover now