Please Don't Change
အပိုင်း-၃၀
သူမနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမိတာပင်..သူမနိုးလာတော့မာန်ကရှိမနေတော့..
သူမအောက်ထပ်ဆင်းလာကာမီးဖိုခန်းဘက်ကအသံတွေကြောင့်၀င်လာလိုက်တော့တကုတ်ကုတ်နဲ့မာန်တစ်ယောက်အလုပ်ရှုပ်နေလေသည်..
သူမမာန့်ခါးကိုနောက်ကနေသိုင်းဖက်လိုက်ရင်းကျောပြင်ပေါ်ပါးလေးအပ်လိုက်တော့
မမနိုးလာပြီလား
အင်း..မောင်ဘာတွေလုပ်နေတာလဲ
မမနိုးလာရင်စားဖို့စီစဥ်နေတာအစကအပြင်ထွက်စားမလို့ဘဲခုညနေစောင်းနေပြီမို့မောင်အိမ်မှာဘဲစားဖို့ချက်နေတာ
မောင်ကချက်တတ်လို့လားမှုံကူမယ်လေ
နေပါဗျာမောင်ကအရင်ကမာန်စစ်ဟိန်းမဟုတ်တော့ပါဘူးနော်..ဘက်စုံတော်နေပါပြီ..
မှုံ့မျက်စိထဲမှာတော့မောင်ကအရင်ကမာန်စစ်ဟိန်းပါဘဲ..
ဟုတ်တာပေါ့မောင်ကအရင်ကလိုဘဲမမကိုနင့်နေအောင်ချစ်တုန်းလေ..
သူမလက်တွေကိုအုပ်ကိုင်ရင်းပြောလာတယ့်မောင့်ကြောင့်သူမလည်းပိုမိုတင်းကြပ်စွာဖက်တွယ်ထားလိုက်တော့သည်..
🍎🍎🍎🍎🍎🍎🍎
ဒီနေ့သူမတို့၃ယောက်စုံဖြစ်တုန်းလေးမုန့်ထွက်စားဖြစ်သည်..မာန်စစ်ဟိန်း၊မုန်းမာန်စွယ်၊မော်ကွန်းနဲ့နဒီတိူ့ကအနည်းငယ်ရင်းနှီးကြသည်..
မာန်စစ်ကငွေမဲကနေငွေဖြူပြောင်းတယ့်နယ်ပယ်ဘက်မှာဦးဆောင်သလိုမုန်းမာန်စွယ်ကတော့မှောင်ခိုလုပ်ငန်းဘက်ကိုဦးဆောင်သည်..
သူတို့၂ယောက်ကသိပ်ကိုရင်းနှီးတယ့်လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေဖြစ်သလိုမော်ကွန်းနဲ့နဒီကလည်းနိုင်ငံခြားမှာကျောင်းတူတူတက်ခဲ့ကြတယ့်သူငယ်ချင်းတွေဖြစ်ကြသည်သူတို့၄ယောက်ကလည်းအလိုလိုခင်မင်လာကြသည်..
သို့ပေမယ့်မာန်စစ်နဲ့မော်ကွန်းကတော့အဆင်ပြေလှသည်တော့မဟုတ်..
မော်ကွန်းကနဒီ့ကိုချစ်ပေမယ့်နဒီကတော့မာန်စစ်ကိုသာသဘောကျခဲ့သည်..

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...