抖阴社区

Part-36

2K 32 0
                                    

Please Don't Change

အပိုင်း-၃၆

ဆေးရုံတခုတည်းရောက်လာကြသလိုခွဲခန်းပြိုင်တူ၀င်နေတာကြောင့်မာန်ရောဦးမင်းနန္ဒကျော်ပါခွဲခန်းရှေ့ထိုင်စောင့်နေကြရသည်..မျက်၀န်းအိမ်တွေကလည်းမျက်ရည်စတို့နဲ့ပြည့်နေကာဘာကိုမှသဲသဲကွဲကွဲမမြင်ရချေ..

မာန်လက်သီးကိုကျစ်နေအောင်ဆုတ်ထားလိုက်သည်မာန်နဲ့ဦးမင်းနန္ဒကျော်နှစ်ယောက်ကြားမှာတော့မုန်းမာန်ကထိုင်နေလေသည်..

ရေးကြီးသုတ်ပြာ၀င်လာတယ့်မောင်ကွန်းချက်ချင်းဆိုသလိုမာန့်ရှေ့ရောက်လာကာကော်လံစကိုဆွဲရင်းထိုးဖို့ပြင်တော့မုန်းမာန်ကြားထဲကဆွဲရင်း

မော်ကွန်းမင်းဒါဘာလုပ်တာလဲ

မင်းမြင်တယ့်အတိုင်းဘဲလေဒီကောင့်ကြောင့်နဒီအခုအသက်လုနေရတာ

ပြဿနာအစဆုံးမသိရသေးဘဲခုလိုမလုပ်သင့်ဘူးမော်ကွန်း..နဒီကမင်းတို့ကိုပြဿနာဖြစ်စေချင်မှာမဟုတ်တာတော့အမှန်ဘဲ..

မော်ကွန်းလည်းမုန်းမာန်စကားကြောင့်ဦးမင်းနန္ဒကျော်ဘေး၀င်ထိုင်ကာနှစ်သိမ့်နေမိသည်..

အန်ကယ်လ့်အမှားတွေပါ..အန်ကယ်လ့်ကြောင့်သမီးလေးအခုလိုဖြစ်ရတာ

မဟုတ်တာအန်ကယ်လ်ရယ်ဖြစ်ချိန်တန်လို့လို့ဘဲသတ်မှတ်ရမှာပေါ့..

သားဘယ်လိုသိပြီးရောက်လာတာလဲ..

ကျနော်ဖိတ်စာလာပေးရင်းလေ့ကျင့်ရေးကွင်းဘက်သွားတယ်ဆိုတာနဲ့လိုက်လာတော့အောင်မင်းပြောပြတာကျနော်သိသိချင်းထူပူသွားတာ

သမီးက..မုန်းမာန်ကိုထိခိုက်အောင်မလုပ်ဖို့ဘဲတတွတ်တွတ်မှာနေတာမို့အန်ကယ်ပြဿနာလည်းမဖြစ်ချင်တော့ဘူးသားရယ်..ဒါနဲ့မင်းမင်္ဂလာဆောင်ကဘယ်နေ့..

လာမယ့်တနင်္ဂနွေနေ့ပါ

သိပ်တောင်မလိုတော့ဘူးဘဲ..သားပြန်ချင်ပြန်ပါအန်ကယ်လ်အဆင်​ပြေတယ်

ရပါတယ်အန်ကယ်လ်ကျနော်နဒီ့ခွဲစိတ်မှုပြီးမှပြန်တော့မယ်နဒီအဆင်ပြေရဲ့လားကျနော်တွေ့သွားပြီးစိတ်ချချင်လို့ပါ

Please Don't Change S-1Where stories live. Discover now