抖阴社区

Part-7

1.8K 28 0
                                    

Please Don't Change

အပိုင်း-၇

မေးခွန်းစာရွက်လေးကိုင်ရင်းစာမေးပွဲခန်းထဲကထွက်လာကာအပင်အောက်ကမာန့်နားကိုခပ်ဖြေးဖြေးလျှောက်သွားလိုက်သည်..

မာန့်နင်စာတွေဖြေနိုင်လားဟင်..

အင်း..

သူခပ်ပြုံးပြုံးလေးနဲ့သာသူမကိုခေါင်းငြိမ့်ဖြေလိုက်မိသည်..

ငါလေနံပါတ်၃ကိုမရဘူးရန်းဖြေခဲ့လိုက်တာအဖြေတိုက်လိုက်အုံးမယ်လွယ်အိတ်ပေးအုံး..

မာန်ကစောပြီးခဲ့တာမို့သူမလွယ်အိတ်ကိုယူလာခဲ့ခြင်းသာမဟုတ်ရင်ရည်းစားစာတို့ချောကလပ်တို့ထည့်တတ်ကြသည်မဟုတ်လား..

ဒါ့ကြောင့်လည်းသူမကသူ့လက်ထဲကလွယ်အိတ်လေးကိုတောင်းနေခြင်းသာ..

အိမ်ပြန်စို့လေ

အဖြေကြည့်ချင်သေးတယ်လို့..

မျက်နှာချင်းဆိုင်ကာကလေးတစ်ယောက်လိုခပ်ဆူဆူလေးပြောနေတယ့်သူမကြောင့်ခေါင်းလေးကိုပုတ်လိုက်ရင်း

မမအရင်နဲ့မတူဘဲကျနော်အပေါ်ဆိုးလာသလိုဘဲ

ဘာလဲငါဆိုးတော့နင်ကမကြိုက်ဘူးလား..

မဟုတ်ပါဘူး..အဲ့လိုပုံစံလေးကကလေးဆိုးလေးနဲ့ပိုတူပြီးချစ်ဖို့ကောင်းတဟ်..

စာစစ်ချင်သေးတယ်လို့..

ပြောရင်းလွယ်အိတ်ကိုလှမ်းယူတာမို့မာန်လွယ်အိတ်ကလေးကိုသူ့နောက်ပို့လိုက်ပြီး

တိုက်ပြီးတော့ရောမှားတယ်ဆိုပြင်လို့ရမှာလား..ပြီးပြီးသားကိုဘာလို့ပြန်ကြည့်နေတော့မှာလည်း..

နင်ကရောပြန်မစစ်ကြည့်ဘူးလား

ကျနော်ဘာဖြေခဲ့မှန်းတာင်မမှတ်မိတော့ဘူး..လာပါမုန့်၀ယ်စားရင်းကုက္ကိုပင်အောက်ထိုင်ရအောင်

ပြီးပြီးသားစာတွေစစ်ကြည့်ပြီးစိတ်ညစ်ခံမနေနဲ့တော့..နော်မမကလိမ္မာပါတယ်..

သူ့အပြောကြောင့်မှုံလည်းပြိုင်မငြင်းဖြစ်တော့မာန်ပြောနေတယ့်စကားတွေထဲမှာလည်းအမှားရယ်လို့မပါသူမအဖြေမှန်သိလျှင်လည်းအဖြေလွှာကိုပြန်ပြင်နိုင်မည်မှမဟုတ်ဘဲ..

Please Don't Change S-1Where stories live. Discover now