抖阴社区

Part-24

1.8K 30 0
                                    

Please Don't Change

အပိုင်း-၂၄

morning ဒယ်ဒီ!

အိမ်ပေါ်ထပ်ကနေခပ်သွက်သွက်ဆင်းလာကာမျက်နှာရွှင်နေတယ့့်သားဖြစ်သူကြောင့်ဦးနေမာန်ကော်ဖီခွက်လေးကိုစားပွဲပေါ်ပြန်ချရင်း..

သားဒီနေ့ပျော်နေသလိုဘဲညကအိမ်မက်တွေကောင်းလို့လား..

ကျေးဇူးဘဲဒယ်ဒီ..

ဘာကိုလည်းကွ!သားဖချင်းဘာတွေကျေးဇူးတင်နေတာလဲ..

မမကိုကျနော့်နားခေါ်ပေးလို့..

သားနဲ့သမီးမှုံအခြေအနေက..

ချစ်သူတွေ!

ပြောပြီးခပ်ပြုံးပြုံးနဲ့သာကော်ဖီခွက်ကိုတစ်ကြိုက်ထဲမော့လိုက်ပြီး..

ဒယ်ဒီမိန်းမတောင်းပေးဖို့ပြင်ထားတော့..

ဒယ်ဒီလည်းမင်းကိုမိန်းမမြန်မြန်တောင်းပေးချင်ပါပြီ..

ဘာလို့လည်း..

ဒယ်ဒီမင်းကိုမထိန်းနိုင်တော့လို့..

ဒယ်ဒီကလည်း..

မင်းစိတ်တိုတိုင်းရိုက်ခွဲလို့ငါ့အိမ်လည်းဘာပစ္စည်းမှအကောင်းမရှိတော့ဘူးမင်းလားရှိုးပြန်တော့

ဟာဒယ်ဒီကလည်းဗျာ..ကိုယ့်သားလေးဒီတစ်ယောက်ရှိတာကိုနှင်ရက်သလား..

အေးမင်း၁ယောက်ရှိလို့ဘဲ၂ယောက်သာဆိုငါလည်းခေါင်းမွှေးပြောင်တော့မယ်..

သားဒယ်ဒီမင်းကိုတစ်ခုပြောမယ်..

ဟုတ်ကဲ့ဒယ်ဒီပြောလေ..

မင်းဒယ်ဒီ့လုပ်ငန်းတွေကိုဦးစီးစေချင်ပြီ..

ဒယ်ဒီက လည်းကျနော်မှာလည်းအလုပ်ရှိသေးတယ်လေ..

မင်းအလုပ်ကိုဒယ်ဒီသဘောမတွေ့ပါဘူးသားရာ..

ကျနော်အဆင်ပြေတယ်လေ..ကျနော်နေရာတစ်ခုရဖို့ဘယ်လောက်ကြိုးစားထားရလည်းဆိုတာဒယ်ဒီလည်းအသိဘဲဟာ..

ဒါတော့ဒါပေါ့သားရာ..ဒါပေမယ့့်..

ဒယ်ဒီမစိုးရိမ်ပါနဲ့ဒယ်ဒီစိုးရိမ်သလိုမဖြစ်အောင်ကျနော်ကရုုစိုက်မှာပါ..

Please Don't Change S-1Where stories live. Discover now