抖阴社区

Part-2

2.8K 45 0
                                    

အပိုင်း-၂

မှုံနံ့သာ

မှုံခေါ်သံကြောင့်မော့ကြည့်လိုက်တော့သူမသိပ်မရင်းနှီးတယ့်ကောင်လေးကြောင့်

ပြောလေ..

ဒီပန်းလေးယူပါလား..

ခရေကုံးလေးကမ်းလာတယ့်သူ့ကြောင့်မှုံခေါင်းလေးရမ်းလိုက်ပြီး

ဟင့်အင်းမှုံမလိုချင်ဘူးပြီးတော့မှုံနင့်ကိုလည်းမသိဘူး..

ငါ့နာမည်ကရှိုင်းထက်ပါငါက၁၀တန်းက..ငါ့ကိုသတိမထားမိလို့ဖြစ်မှာပါ

သြော်..

ငါနင့်ကိုသဘောကျလို့

မရဘူးနော်!

ချက်ချင်းတုံ့ပြန်စကားဆိုလာတယ့်သူမကြောင့်ရှိုင်းကြည့်လိုက်ရင်းခေါင်းကိုသာငြိမ့်ပြကာ

နားလည်ပါတယ်နင်လက်မခံမှန်းလည်းသိတယ်

ဒါနဲ့တောင်ဘာလို့..

မမ!

သူမစကားမဆုံးခင်မာန့်ရဲ့ခပ်ဆတ်ဆတ်အသံကြောင့်သူမခါးလေးမတ်သွားရသည်..

မာန်!

ရှိုင်းအကြောင်းသိသူပီပီခပ်ပြုံးပြုံးနဲ့သာ

မှုံငါသွားတော့မယ်ငါပြောတာစဥ်းစားပေးပါနော်ငါနင်လက်ခံလာအောင်ကြိုးစားမှာပါ..

မာန်အကြောင်းစုံမသိသေးတာမို့ဟိုကောင်ကိုသာခပ်စူးစူးစိုက်ကြည့်နေပြီးမမကိုအကဲခတ်နေလိုက်သည်

အဲ့ကောင်ကဘယ်သူလဲ!

ဟင်..

သူ့ကိုအာရုံမရတယ့်ပုံကြောင့်စိတ်ကတိုသွားမိတာအမှန်

တောက်!အဲ့ကောင်ဘယ်သူလဲလို့မေးနေတာခင်ဗျားဘယ်ကောင့်အကြောင်းတွေးနေလို့ကျုပ်ပြောတာမကြားတာလဲ..

အခြားလူတွေပါဘေးမှာရှိနေတာမို့မှုံအနည်းငယ်တော့ရှက်ရွံ့ရသည်..

အရင်တုန်းကထပ်မာန်ကသူမကိုပိုအနိုင်ယူလာတတ်သလိုယောကျာ်းလေးကိစ္စဆိုပို၍ပင်တင်းကြပ်သည်ထိပင်..သူ့ကိုကြောက်တာကြောင့်မှုံ့ကိုစနောက်မယ့်သူမရှိသလိုစိတ်၀င်စားရင်တောင်ကျောင်းသွားကျောင်းပြန်မာန်နဲ့သာမို့ဘယ်သူမှရည်းစားမကားမပြောရဲ..မာန်ကပွဲကြမ်းတတ်တာကြောင့်ဒီလိုပြဿနာတွေကဝေးကွာနေတာကြောင့်သူမမာန်နဲ့ဒီနှစ်ပိုင်းအဆင်ပြေနေခဲ့တာပင်

Please Don't Change S-1Where stories live. Discover now