抖阴社区

Part-28

1.6K 21 0
                                    

Please Don't Change

အပိုင်း-၂၈

သူမကားနောက်ခန်းမှာမထိုင်ဘဲရှေ့ခန်းကမာန့်ဘေးမှာ၀င်ထိုင်ဖြစ်သည်ကားမောင်းနေတယ့်မာန့်ပုံစံဟာသိပ်ကိုကြည့်ကောင်းနေကာအကြည့်မခွာနိုင်တာကိုသူမ၀န်ခံပါတယ်..

အချိန်တွေဘယ်လောက်ပြောင်းပြောင်းမာန်ကတော့အရင်တုန်းကလိုချောမောခန့်ညားနေဆဲပင်..

နင်ငါ့ကိုအဲ့လောက် မကြည့်သင့်ဘူးထင်တယ်..

သူ့အပြောကြောင့်သူမမျက်နှာလေးရဲလာကာတဖက်ကိုလွှဲပြစ်လိုက်ပြီး..

Sorryမာန်!

သူမပြောလိုက်ပေမယ့်မာန်ကတော့တစ်ခွန်းမှဆက်မပြောဘဲကားကိုသာအာရုံစိုက် မောင်းနေလေသည်..

သူမသွားချင်တယ့်နေရာတွေတစ်ခုပြီးတစ်ခုလိုက်ပို့ပေးနေသည့်မာန်ကအရင်ကလိုဘဲသူမကိုဥပေက္ခာပြုနေဆဲပင်..

လေညှင်းခံချင်တယ်ပြောလာတာကြောင့်အရိပ်ကောင်းကောင်းသစ်ပင်အောက် မှာကားလေးရပ်ပေးလိုက်သည်..

မာန်..

မာန်စစ်လို့ခေါ်ပေးပါ!

သူ့ရဲ့ရတိပြတ်စကားကြောင့်သူမပြုံးလိုက် မိသည်..မာန်ဆိုတာမှုံနံ့သာတစ်ယောက်တည်းအတွက် မူပိုင်နာမ်စားလား

ငါကမာန်လို့ခေါ်ရတာသဘောကျလို့အဲ့လိုဘဲခေါ်လို့မရဘူးလား

မာန်ကသူမကိုတချက်ကြည့်လာပြီးနောက်

နင်အရင်လိုဘဲနော်..

အင်းငါကအရင်လိုဘဲမာန်..နင့်ကိုသဘောကျနေတုန်းဘဲ..

ငါကတော့သဘောမကျဘူး..

ငါသိပါတယ်..ဒါနဲ့နင်ငါ့ကိုဘာမှပြောစရာမရှိဘူးလား..

ဘာကို

ငါနဲ့ဒယ်ဒီနဲ့အကြောင်းလေ..နင်မအံ့ဩသွားဘူးလား..

ငါဒီကိုရောက်ပြီး၅လလောက်နေတော့နင့်ဒယ်ဒီဆိုတာကိုသိခဲ့ရတယ်ငါသိပ်မအံ့ဩတာကြိုသိထားလို့

​​ေဩာ်..နင်နဲ့မှုံနဲ့တွေ့ဖြစ်သေးလား..

ဟင့်အင်း..ဒါပေမယ့်ငါ့ရင်ထဲမှာတော့သူမအမြဲတမ်းရှိနေပါတယ်

Please Don't Change S-1Where stories live. Discover now