Please Don't Change
အပိုင်း-၂၇
နဒီတစ်ယောက်အခန်းထဲ၀င်လာကာလိုက်ကာလေးကိုဖယ်လိုက်တာနဲ့မှန်ချပ်ပေါ်လှပစွာနေရာယူနေတယ့်မာန့်ပုံတွေကြောင့်မျက်နှာလေးကချက်ချင်းကြည်လင်သွားရသည်..
သူမမရှိနေတာ၁နှစ်ကျော်လောက်ရှိပြီဖြစ်ပေမယ့်သူမအိပ်ခန်းလေးကသန့်ရှင်းသပ်ရပ်နေကာ..အမြဲတစေရှင်းလင်းထားပုံ..
မာန့်ပုံတွေဟာလည်းအပျက်စီးမရှိလှပစွာနေရာယူနေသေးသည်..
ကျောင်းစိမ်း၀တ်စုံနဲ့ပုံကစလို့လွန်ခဲ့တယ့်တစ်နှစ်ကျော်ကပုံထိပါသူမသိမ်းဆည်းထားမိသည်..
ဆံပင်တိုတိုစိပ်စိပ်တွေကိုသပ်ရပ်စွာဖီးသင်ထားပြီးပြစ်စတိုတလက်ဖြင့်ပြစ်မှတ်ကိုချိန်ရွယ်နေတယ့်မာန့်ပုံဟာသိပ်ကိုရဲရင့်ပြတ်သားတယ့်ယောကျာ်းတစ်ယောက်အသွင်..
မာန့်ရဲ့ပုံတွေကိုကြည့်နေရင်းသူမလက်ချောင်းသွယ်သွယ်တို့ကဓာတ်ပုံထဲကမာန့်မျက်နှာလေးကိုတို့ထိနေမိသည်..နောက်တော့သူမအတွေးတွေဟာလွန်ခဲ့တယ့်အတိတ်ဆီကိုပြန်လည်ရောက်ရှိသွားခဲ့ရတော့သည်..
🌸🌸
သူမမှာအမေမရှိတော့ပါဘူးသူမကိုမွေးပြီးကတည်းကဆုံးပါးသွားတယ့်မိခင်ကြောင့်သူမကမိခင်မရှိဘဲဖခင်အရိပ်အောက် မှာကြီးပြင်းလာခဲ့ရတယ့်သူပေါ့..ဒယ်ဒီကသူမအတွက်အရိပ်ကောင်းကောင်းသစ်ပင်ကြီးတစ်ပင်နဲ့တူလွန်းလှသည်..
အေးမြမှုတွေနဲ့နားခိုရာနေရာလေးပေါ့..ဒါ့ပြင်ဒယ်ဒီကဘာဘဲလုပ်လုပ်သူမအတွက်သာအမြဲတွေးပေးခဲ့သည်..
သူမကိုယ်တိုင်ကလည်းသူမအပေါ်သိပ်ကောင်းတယ့်ဒယ်ဒီ့ကြောင့်ဒယ်ဒီဘယ်လိုအလုပ်တွေကိုလုပ်နေမှန်းသိသော်လည်းသူမဘာမှမပြောဖြစ်ခဲ့..ဆင်းရဲလွန်းလှတယ့်ငယ်ဘ၀ကြောင့်ဒယ်ဒီဟာသူမကိုတော့အပြည့်စုံဆုံးနဲ့လိုအပ်ချက် မရှိထားတတ်သည်..
ဒယ်ဒီ့ရဲ့အလုပ်ကြောင့်သူမကဒယ်ဒီနဲ့အနီးကပ်နေခွင့်မရှိသလိုဒယ်ဒီနဲ့ဝေးရာမြို့လေးမှာမိဘအမည်ကဒယ်ဒီ့လူယုံတစ်ချို့နဲ့သာနေရသည်..

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...