抖阴社区

Part-5

2.1K 34 0
                                    

Please Don't Change

အပိုင်း-၅

မမ

ပြောလေမာန်..

အဖြူစိမ်းနဲ့ဆံနွယ်ရှည်တွေကို၂ဖက်ခွဲကျစ်ထားတယ့်သူ့မမကရင့်ကျက်တယ့်ပုံစံနဲ့ကျက်သရေရှိပြီးတစ်စိမ့်စိမ့်ကြည့်နေရင်တောင်အပြစ်တွေ့နိုင်မည်မဟုတ်သည်ထိပြည့်စုံလွန်းလှသည်..

သူ့ထက်အသက်၁နှစ်သာကြီးပေမယ့်သူ့ထက်ပိုပြီးရင့်ကျက်ကာလူကြီးဆန်လှသည်..

မာန့်ပြောစရာရှိတယ်ဆို..

သြော်အင်း..

သူမကိုငေးကြည့်နေရင်းပြောမယ့်စကားတွေမေ့နေကာသူမပြောမှသတိ၀င်လာပြီးသူ့ကိုသူလည်းပြုံးနေမိသည်..

သူမကသံလိုက်တစ်ခုလိုသူ့ကိုဆွဲငင်နေပြီးသူ့မရဲ့လပြည့်၀န်းလိုအေးချမ်းတယ့်မျက်နှာလေးကသူ့နှလုံးသားတစ်ခုလုံးကိုကိုင်လှုပ်နိုင်ခဲ့တာပင်

မမကျနော်လေဒီလိုလေးသဘောကျတယ်..ကျောင်းသွားကျောင်းပြန်အမြဲဒီလိုလေးရှိနေချင်တယ်..

ငါလည်းဒီလိုလေးပျော်ပါတယ်..

မမ..ကျနော့်ကိုဖေဖေကအဆောင်ပို့မှာတယ့်..ကျနော်မမနဲ့မခွဲနိုင်ဘူး..

ခြေလှမ်းတွေရပ်ကာမျက်နှာလေးငြှိုးငယ်ကာပြောလာတယ့်မာန့်ကြောင့်သူမလည်းခြေလှမ်းတွေကိုရပ်တန့်ကာစက်ဘီးလက်ကိုင်ပေါ်ကမာန့်လက်တွေကိုအုပ်ကိုင်လိုက်ပြီး

ငါနင့်ကိုအမြဲလွမ်းနေတော့မှာဘဲမာန်

သူ့လက်တွေကိုအုပ်ကိုင်လာတယ့်နွေးထွေးတယ့်လက်တစ်စုံကြောင့်သူမလက်ကလေးတွေကိုပြန်အုပ်ကိုင်ရင်းသူမမျက်၀န်းလေးတွေကိုစိုက်ကြည့်ကာ

ကျနော်မသွားလိုက်ရင်ရောမမ

ဘယ်ဖြစ်မလဲမာန်..ဦးလေးစိတ်ဆင်းရဲမှာပေါ့..ဦးလေးနဲ့နင့်ကိုထပ်ပြီးပြဿနာတွေမဖြစ်စေချင်တော့ဘူး..

ကျနော်မှမမနဲ့မခွဲနိုင်တာ

တစ်နှစ်ပါဘဲမာန်ရယ်..နင့်ကိုငါအကောင်းဆုံးတွေဘဲဖြစ်စေချင်တယ်..ရပ်ကွက်ထဲကလူတွေအမြင်ကိုပြောင်းလဲပြစ်လိုက်ပါမာန်ရယ်..နင့်ကိုအထင်သေးနေတယ့်လူတွေကိုအနိုင်ယူစေချင်တယ်

Please Don't Change S-1Where stories live. Discover now