抖阴社区

Part-23

1.8K 34 0
                                    

Please Don't Change

အပိုင်း-၂၃

မာန်ခုတင်ထက်ထိုင်နေကာသူမကတော့ခုတင်အောက်ခြေထိုင်နေမိသည်..

ပစ္စည်းတွေလည်းအခန်းတွင်းရှုပ်ပွနေသလို့လက်တွေမှာလည်းခြစ်ရာရှရာတွေနဲ့မို့သူမကဆေးစည်းပေးနေသည်..

သူမမျက်နှာလေးကအချိန်ပြည့်သူ့စိတ်ကိုအေးချမ်းစေသည်..ဘယ်လောက်ပင်ဒေါသထွက်နေပါစေသူမရဲ့"မာန်"ဆိုတယ့်ခေါ်သံလေးအောက်မှာသူ့ဒေါသတွေကမီးကိုရေနဲ့ငြိမ်းလိုက်သလို..

ဘာလို့ဒေါသတွေအရမ်းထွက်နေရတာလဲ..

သူ့ကိုမကြည့်ဘဲပြောလာတယ့်သူမစကားကြောင့်သူမကိုငေးနေရင်းသတိ၀င်လာရသည်..သူမကလက်ကိုဆေးထည့်ပြီးပတ်တီးပင်စီးပေးပြီးနေပြီပင်..

ခင်ဗျားကျုပ်စီဘာကိစ္စရှိလို့ရောက်လာတာလဲ..

အန်ကယ်လ်အကူညီတောင်းလို့..

ဟက်!ခင်ဗျားရဲ့လူမရှိတော့မှကျုပ်တို့ကမ်းလှမ်းတာကိုလက်ခံတာဘဲ..

ဘာကိုလဲမာန်..

ခင်ဗျားနဲ့ရှိုင်းထက်ကဘာတွေလဲ..

နင်သိဖို့မလိုဘူးထင်တယ်..

ဘာလို့လည်းဘာလို့ကျုပ်ကသိဖို့မလိုတာလဲ..

နင်နဲ့ငါကဘာမှမှမဆိုင်တာဘာအတွက်နဲ့ငါ့အကြောင်းတွေကိုပြောပြနေရမှာလဲ..

ခင်ဗျားကျုပ်စီမှာအခုလိုအလုပ်၀င်တာကိုရှိုင်းထက်နဲ့ခင်ဗျားအမေသိသွားမှာမကြောက်ဘူးလား..

အလုပ်ကိုအလုပ်လိုဘဲသဘောထားတယ့်အတွက်ငါဘာကိုမှမကြောက်ဘူး..

ဟုတ်ပါပြီခင်ဗျားကြောက်ဖို့မလိုလောက်တော့ပါဘူးခင်ဗျားအမေကလည်းကျုပ်ရဲ့လက်ရှိအနေထားလောက်ဆိုရင်သဘောတူလောက်ပါပြီ..

မာန်နင်ဘယ်လိုစကားမျိုးပြောလိုက်တာလဲ

ကျုပ်မှန်တာကိုပြောတာလေ..ကျုပ်တို့ပြန်တွဲရအောင်ကျုပ်ခုဆိုခင်ဗျားတစ်ကိုယ်လုံးခေါင်းစခြေဆုံးစိန်တွေညွှတ်နေအောင်ဆင်ပေးနိုင်နေပြီ..

ဘယ်လိုလဲပြန်တွဲမလား..ခင်ဗျားမေမေလည်းသဘောတူမှာပါ..ဟွန်း..

Please Don't Change S-1Where stories live. Discover now