Please Don't Change
အပိုင်း-၂၆
လူနာခုတင်တဖက်ဘေးကဆိုဖာခုံတစ်ဖက်မှာမာန်နဲ့မှုံထိုင်နေပြီးတဖက်မှာတော့ဒေါ်ရွှေဇင်အိတစ်ယောက်ထိုင်နေမိသည်..
မျက်နှာချင်းဆိုင်စီကတူမဖြစ်သူကခေါင်းကိုငုံ့ထားပြီးထိုကောင်လေးကတော့သူ့ကိုသာကြည့်လေသည်..
သူမလည်းဘာစကားမှစမလာတယ့်သူတို့ကြောင့်သူမကဘဲမေးဖို့ဆုံးဖြတ်လိုက်ကာ
မင်းတို့၂ယောက်ကဘာတွေလဲ..
ဟို..
ချစ်သူပါအန်တီ..
မ၀ံ့မရဲဖြစ်နေတယ့်တူမဖြစ်သူလက်ကိုဆုတ်ကိုင်လိုက်ရင်းတည်တည်ငြိမ်ငြိမ်နဲ့ပြန်ဖြေလာတယ့်ကောင်လေးကြောင့်
သမီးမှုံသူပြောတာဟုတ်လား..
ဟုတ်..မှုံတို့ကချစ်သူတွေပါဒေါ်လေး..
သမီးအလုပ်လုပ်နေတာဒီကောင်လေးစီလား..
ဟုတ်ပါတယ်ဒေါ်လေး..
ဒေါ်လေးဒီကောင်လေးစီဆက်ပြီးအလုပ်မလုပ်ခိုင်နိုင်ဘူးသမီး..
ရှင်..
ဒါတော့မဖြစ်ဘူးထင်တယ်!
မှုံနဲ့မာန့်ရဲ့အသံဟာတစ်ချိန်ထဲပေါ်ထွက်လာကာမာန့်စကားကောင့်ဒေါ်ရွှေဇင်အိတစ်ယောက်
ဘာကိုမဖြစ်တာလဲ..ချစ်သူဆိုမှတော့မင်းတို့ကိုအနီးကပ်မထားချင်ဘူး..မလိုလားအပ်တာတွေလည်းမဖြစ်စေချင်ဘူး..အဒေါ်ကမင်းတို့ပတ်သတ်မှုကိုမသိလို့သာ..သိရင်အစတည်းကအလုပ်လုပ်ခိုင်းမှာမဟုတ်ဘူး..
ကျနော်အန်တီပြောချင်တယ့်အဓိပ္ပာယ်ကိုနားလည်ပါတယ်..အန်တီစိတ်ချပါ..ကျနော်လက်မထပ်ရသေးဘဲမမကိုမရိုးမသားမတွေးပါဘူး..
ကျနော်ယောကျာ်းပါအဲ့လောက်လည်းအောက်တန်းမကျဘူး..
မာန့်လေသံဟာအနည်းငယ်မာစပြုနေတာမို့မှုံမာန့်လက်ကလေးကိုဆုတ်ကိုင်ကာထိန်းနေမိသည်..
မာန်ကလည်းသူမအကြောင်းသိသူမို့စကားပြန်ထိန်းကာငြိမ်ပေးလိုက်ပြီး..
ကျနော်လည်းဒီရက်ပိုင်းတကယ်နေမကောင်းလို့ပါ..အခြားသူစိမ်းတွေကိုလည်းကျနော်နားမထားချင်လို့ပါ..အန်တီမယုံရင်အိမ်မှာအန်တီပါလိုက်နေလို့ရပါတယ်..

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...