抖阴社区

Part-34

1.6K 28 0
                                    

Please Don't Change

အပိုင်း-၃၄

သူမကသူ့ကိုစကားမပြောသလိုကရုလည်းမစိုက်တော့..

သူမရဲ့ဥပက္ခောတွေကသူ့အတွက်တော့သိပ်ကိုရင်နာရသည်..ဒါ့ကြောင့်လည်းသူဒီနေ့ဘဲနဒီ့စီကိုချက်ချင်းသွားဖို့ဆုံးဖြတ်လိုက်သည်

စံအိမ်ထဲကို၀င်၀င်ချင်းဘယ်သူ့မှအမေးမြန်းမခံဘဲအထဲထိတန်း၀င်လာတော့နောက်ပါးစီကအစောင့်တစ်ချို့ပြူးတူးပြာတာလိုက်လာရသည်..

သူကအမှောင်ဘက်ခြမ်းမှာမလုပ်ကိုင်တော့ပေမယ့်လည်းသူ့ကိုတော့ကြောက်ရွံ့ရိုသေရသည်မဟုတ်လား..

ဒါ့ကြောင့်လည်းပါးစပ်နဲ့သာတားရဲပေမယ့်လက်မပါရဲကြပေ..

သခင်လေးဘာကိစ္စရှိလို့ပါလဲ..

သူဘေးကလူအမေးကိုမဖြေဘဲအိမ်ပေါ်ထပ်ကိုကြည့်ရင်း

မေနဒီမောင်အပေါ်မှာရှိလား

ခင်..ခင်ဗျာ

သခင်မလေးကိုမေနဒီမောင်လို့နာမည်တပ်ခေါ်တာမို့နည်းနည်းတော့ကြောင်အသွားမိကာနားမလည်သလိုပြန်မေးလိုက်တော့စိတ်မရှည်တတ်သူမာန်တစ်ယောက်ခါးထောက်ရင်း

မင်းကန်းနေတာလားနားမလည်တာလားမေနဒီမောင်ရှိလားလို့ငါမေးနေတာလေ!!

မာန့်လေသံအနည်းငယ်မြင့်တက်လာတာမို့အပေါ်ထပ်ကနေနဒီဆင်းလာသလိုအစောင့်ကောင်လေးလည်း

ရှိပါတယ်သခင်လေး..ဟော..သခင်မလေးလာပါပြီ

အပေါ်ထပ်ကိုကြည့်ရင်းအားကိုရသလို၀မ်းသာအားရပြောနေတယ့်ထိုကောင်လေးကြောင့်သူအပေါ်ထပ်ကိုမော့ကြည့်လိုက်တော့လှေကားတစ်၀က်လောက်ရောက်နေတယ့်နဒီ့ကြောင့်ခြေလှမ်းခပ်ကြဲကြဲနဲ့အပေါ်တက်လိုက်သည်

နင်ပြန်သွားတာမနေ့ကကိုအခုချက်ချင်းပြန်လာ..အ့!မာန်..

သူမစကားမဆုံးခင်လက်ကောက်၀တ်လေးကနေခပ်ကြမ်းကြမ်းစောင့်ဆွဲလိုက်တာကြောက့်သူမလက်အတော်လေးနာသွားရသည်..သို့ပေမယ့်နာကျင်စေသူကမာန်မို့နည်းနည်းမျှမရုန်းဘဲလိုက်လာမိသည်..

Please Don't Change S-1Where stories live. Discover now