Please Don't Change
အပိုင်း-၉
အချိန်အတော်ကြာဖက်ထားပြီးမှသူမကိုယ်လေးကိုဖယ်ခွာလိုက်ကာပုခုံးလေးတွေပေါ်လက်တင်ကာသူမမျက်နှာလေးကိုကြည့်သော်လည်းအကြည့်လွှဲနေတယ့်သူမကြောင့်
ရွှတ်!
ဟင်!
အကြည့်လွှဲနေတယ့်မျက်နှာလေးကြောင့်ဖြူလုံးလုံးပါးလေးကိုကိုနှာတံချွန်တွေနစ်၀င်သည်ထိနမ်းလိုက်တော့မှသူမကသူ့ကိုအံ့သြတကြီးမော့ကြည့်လာလေသည်
နင်!
မာန်ကတော့သူမကိုမျက်ခုံးတစ်ချက်သာပင့်ပြပြီးဘာမှမဖြစ်သယောင်
ပါးကမွှေးလိုက်တာသနပ်ခါးကလည်းတစ်နေကုန်ကိုမပျက်ဘူး..
နင်ငါ့ကိုတန်ဖိုးမထားဘူးမာန်..
ဆူပုတ်ပုတ်လေးပြောကာတစ်ဖက်လှည့်သွားဖို့ပြင်နေတယ့်သူမကြောင့်သူခပ်မြန်မြန်ဘဲတားလိုက်ကာ
ကျနော်မမကိုဘယ်လောက်တန်ဖိုးထားပြီးချစ်သလဲကျနော့်ကိုကျနော်အသိဆုံးဗျ..
နင်နဒီ့ကိုစိတ်ယိုင်နေတာမှလားငါရှိနေရက်နဲ့တောင်သူနဲ့ဖက်နေတာဟင့်..ပြီးတော့ခုလည်းငါ့ကိုခွင့်မတောင်းဘဲနမ်းတယ်..ဟင့်..
ကဲကွာ..မမကကလေးလိုဘဲ..ကျနော်မမကိုတန်ဖိုးမထားရင်လေချစ်သူစဖြစ်တယ့်နေကတည်းကနမ်းမှာပေါ့ခုဟာကကျနော့်ကိုသ၀န်တိုပြီးစိတ်ကောက်တာကိုအသဲယားလာလို့..
ဘယ်သူကသ၀န်တိုနေလို့လဲ..
မမလေ..ဟောဒီကကျနော်ချစ်သူ..
နင်ငါ့ကိုချစ်ရောချစ်ရဲ့လားမာန်..
ဟာ..မမကလည်း
ကျနော်နောက်ထပ်တစ်ကြိမ်နမ်းပြီးသက်သေပြရမလားပြော..
နင်နော်..
မျက်နှာနားတိုးကပ်ပြောလာတယ့်မာန့်ကြောင့်သူမကိုယ်လေးနောက်ဆုတ်ကာမျက်ဆောင်းလေးရွယ်ရင်းပြန်ပြောလိုက်သည်..
သူမမျက်ခင်းတွေပေါ်ထိုင်ချကာမာန်ကတော့သူမပေါင်ပေါ်ခေါင်းလေးခုအိပ်ကာသူမကိုမော့ကြည့်နေလေသည်..ရေကန်လေးထဲကဗေဒါပင်လေးတွေကစိတ်ရဲ့ရှုပ်ထွေးပင်ပန်းမှုတွေကိုသက်သာသလိုကွင်းပြင်စိမ်းစိမ်းကတိုက်ခတ်လာတယ့်လေထုကြောင့်ပင်ပန်းနေရင်တောင်အလွယ်တကူပြေပျောက်စေတာမို့မာန်နဲ့သူ့ဖေဖေပြဿနာဖြစ်တိုင်းသူမမာန့်ကိုဒီနေရာအမြဲခေါ်လာတတ်သည်..

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...