抖阴社区

Part-8

2.9K 49 0
                                        

အပိုင်း-၈

သူမတို့စာမေးပွဲတွေပြီးကာဒီနေ့အမှတ်စာရင်းအချို့သိရသည်..တစ်ဘာသာသာလိုတော့တာမို့၅ဘာသာရဲ့အမှတ်တွေထဲမှာမာန်ကသာအများဆုံးပင်

အခန်းထဲကလူတွေလည်းအံ့သြမှုတွေနဲ့သာ

မာန်ကအားကစားဘက်မှာသာထူးချွန်ပေမယ့်ပညာရေးဘက်ကိုထင်သလောက်အားမစိုက်

အမှတ်စာရင်းတွေးပေးပြီးဆရာမထွက်သွားတော့

ဟျောင့်မာန်..မင်းအမှတ်တွေကကောင်းလှချည်လား

ဒါကတော့ငါ့အကြောင်းနဲ့ငါပေါ့..

မင်းမဟုတ်တော့ပါဘူးကောင်မလေးတွေဘာတွေရနေပြီလား..

ရနေပါအုံးမယ်ဒင်းလားအဖြစ်မရှိတယ့်ကောင်..

ဝေဖြိုးအပြောကိုနန္ဒကဖြတ်ကာပြောလိုက်သည်ကြောင့်မာန့်မျက်နှာကြီးကချက်ချင်းမှောင်ကျသွားရသည်..

မမကဘယ်သူ့မှမပြောရဘူးမှာထားတော့လဲဒီကောင်တွေပြောသလိုအဖြစ်မရှိတယ့်ကောင်အဖြစ်နေလိုက်ပါ့မယ်..ပြီးမှအံ့သြနေကြမှာမြင်ယောင်သေးတယ်..

ဟက်!

သူ့အ​တွေးနဲ့သူဟုတ်နေကာအသံထွက်သည်ထိရီမိလိုက်တော့နန္ဒ၊ဝေဖြိုးနဲ့ကျော်ဇင်တို့က

မင်းကတော့စိတ်ကူးထဲမှာဘဲသာယာနေလိုက်လက်တွေ့ကအဖြစ်မရှိသူများနောက်ပါသွားမှအသည်းကြီးဟက်တက်ကွဲကျန်ခဲ့မှာမြင်ယောင်သေးတယ်..

အဲ့လိုဖြစ်စရာအကြောင်းမရှိဟျောင့်စောင့်ကြည့်နေလိုက်..

ကြည့်အုံးမှာကြည့်ချင်လွန်းလို့..

ကြည့်ကြည့်..

သူသူငယ်ချင်းတွေကိုခပ်ဆတ်ဆတ်ပြန်ပြောလိုက်ပြီးဘေးဘက်တစောင်းလေးထိုင်နေတယ့်မမကိုကြည့်လိုက်တော့ခပ်ပြုံးပြုံးနဲ့သာခေါင်းလေးငုံ့နေရှာသည်

သူတို့အပြောကိုသူမလဲကြားသည်ထင်ပါရဲ့ညနေကျမှတွေ့အုံးမယ်..
🍎🍎🍎🍎🍎🍎🍎
ညနေခင်းကျောင်းဆင်းတော့မာန်တစ်ယောက်ပစ္စည်းတွေသိမ်းရင်းနောက်နေ့အသင်းရဲ့ခေါင်းဆောင်ဖြစ်ကာသော့ခတ်ဖို့စောင့်နေရသည်ကြောင့်သူမကိုမစောင့်ခိုင်းဘဲအရင်သွားနှင့်ခိုင်းလိုက်သည်..

Please Don't Change S-1Where stories live. Discover now