အပိုင်း-၁၃
အမ..အမ..
သူနာပြုအကူလေးသူမကိုခေါ်လိုက်မှသူမအတွေးတွေပြတ်တောက်သွားရကာပါးပြင်ထက်ကမျက်ရည်ကိုသုတ်လိုက်ကာ
အင်း..ပြောလေညီမလေး
အမငိုနေတာလားဟင်..
မဟုတ်ပါဘူးအမအိပ်ချင်နေလို့ပါမျက်စိစပ်တော့မျက်ရည်ပူတွေကျနေလို့
ဟုတ်..အမကိုဆရာကြီးကခေါ်ခိုင်းလိုက်လို့..
သြော်အမလိုက်ခဲ့မယ်လေ..
သူမလည်းထိုကောင်မလေးနောက်ကလိုက်သွားရင်းဆရာကြီးရုံးခန်းဘက်၀င်လာခဲ့လိုက်သည်..
တံခါးခေါက်ရင်းခွင့်ပြုသံကြောင့်တံခါးလေးတွန်းဖွင့်ရင်း၀င်လာလိုက်တော့
ထိုင်သမီး..
ဆရာကြီးမှုံ့ကိုခေါ်တယ်ဆိူလို့ပါ..
ဟုတ်တယ်သမီးနောက်တစ်နာရီအတွင်းဒီကိုအရေးကြီးလူနာရောက်လာလိမ့်မယ်ခွဲစိတ်ဖို့အဆင်သင့်ပြင်ဆင်ထားဖို့ခေါ်လိုက်တာ..
ဟုတ်ကဲ့ဆရာ..ဒါဆိုခွဲစိပ်ဆရာ၀န်ကြီး..
ဆရာကိုယ်တိုင်ခွဲစိပ်မှာ..
ဆရာကြီးကိုယ်တိုင်..
အင်း..ခွဲခန်း၀င်ဖို့လည်းလူရွေးပြီးပြီအားလုံးစောင့်နေတော့မယ်ထင်တယ်သမီးကိုလည်းလိုက်စေချင်လို့ပါ.
ဆရာအရေးကြီးလူနာလား..နိုင်ငံရေးပုဂ္ဂိုလ်ထဲကလား..
မဟုတ်ဘူးသမီး..ဆရာ့မိတ်ဆွေရဲ့သားပါ....
ဟုတ်ကဲ့ဆရာဒါဆိုမှုံလိုအပ်တာတွေယူပြီးသွားနှင့်လိုက်ပါ့မယ်..
ခွဲခန်းထဲကလူတစ်ချို့မှာလည်းထင်ကြေးအမျိုးမျိုးနဲ့သာရောက်လာမယ့်သူကိုစောင့်နေကြရသည်..
ခဏအကြာမှာတော့ခွဲစိတ်ခန်းတံခါးကပွင့်လာပြီးခုတင်ထက်သတိလစ်မေ့မြောနေတယ့်လူတစ်ယောက်ပါလာလေသည်..
မာန်!
သူမမြင်လိုက်ရတယ်လူရဲ့မျက်နှာကြောင့်တစ်ကိုယ်လုံးတောင့်တင်းသွားရသည်..
မာန့်ရဲ့အင်္ကျီအဖြူတစ်ထည်လုံးဟာသွေးရောင်တွေနဲ့ဖုံးလွှမ်းနေပြီးမျက်၀န်းတွေမှိတ်လျှက်ဘာကိုမှမသိနိုင်တယ့်မာန့်ကိုကြည့်ရင်းသူမမျက်ရည်ကြည်တို့ဝေ့တက်လာရသည်..

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...