抖阴社区

Part-15

1.9K 27 0
                                    

Please Don't Change

အပိုင်း-၁၅

မာန့်လူနာခန်းလေးကတစ်ခဏအတွင်းလူတွေစုံလာလေသည်

သူမဆရာကြီးနောက်မှာခက်ကုတ်ကုတ်လေးရပ်နေကာဆေးမှတ်တမ်းလေးကိုကိုင်ထားလိုက်သည်..

မာန်ဒယ်ဒီ့မိတ်ဆွေဆရာ၀န်ကြီးနောက်ကသူမကိုမသိသလိုလေးသာဆရာကြီးနဲ့စကားပြောနေမိသည်

မာန်စစ်မင်းကတကယ့်အာဂဘဲကွ..ဒဏ်ရာဒီလောက်များတာတောင်မင်းမြန်မြန်သတိရလာသားဘဲ

ကျနော်အားကစားလုပ်ခြင်းအကျိုးတွေပေါ့

မြန်မြန်သက်သာမယ်မှန်းတော့သိပေမယ့်ညတွင်းချင်းလို့တော့မထင်ဘူး

ကိုနေမာန်ခင်ဗျားသားကအလတ်ကြီးဗျ..မနက်ဖြန်ဆင်းတော့ဗျာ

ဟားး​အသာလုပ်ပါကိုယ့်ဆရာရယ်..နဲနဲတော့နားပါစေအုံးမင်းလူကအလုပ်လုပ်ချင်လှပြီရယ်..

မာန်စစ်မင်းအလုပ်တွေကြိုးစားနေတာဘာလဲရည်ရွယ်ထားတယ့်သူရှိနေပြီလား

မရှိသေးပါဘူးကျနော့်ရည်ရွယ်ချက်ကလေးကိုအကောင်ထည်ဖော်ချင်လို့ကြိုးစားနေတာပါ

ပြောပြီးသူမကိုတစ်ချက်ကြည့်လိုက်တော့သူမကမသိသလိုလေးသာ

ခင်ဗျားသားကတော့မလွယ်ဘူးနော်..ရည်မှန်းချက်တွေအောင်မြင်ပါစေကွာ..

သမီးမှုံနံ့သာ

ဟုတ်ကဲ့ဆရာ..

ဆရာသမီးကိုအားကိုးပါတယ်ဆရာ့မိတ်ဆွေကိုကရုစိုက်ပေးပါအုံး

ဟုတ်ကဲ့ဆရာကြီး..

သူမခေါင်းလေးငုံ့ကာပြန်ဖြေလိုက်သည်..

ဘယ်သူမှမသိနိုင်ပေမယ့်သူမရင်ထဲမှာ၀ုန်းဒိုင်းကြဲနေကာလက်ဖျားတွေကအေးစက်နေလေသည်..

မာန်မျက်နှာလေးငုံ့ထားပေမယ့်နားရွက်ဖျားလေးတွေရဲနေတယ့်သူမကိုကြည့်ရင်း

ခုထက်ထိအကျင့်တွေကစလို့ဘာတစ်ခုမှမပြောင်းလဲသေးတယ့်သူမကဟိုအရင်တုန်းကလိုဘဲသူ့နှလုံးသားကိုစိုးမိုးနေဆဲပင်..
🍎🍎🍎🍎🍎🍎🍎
အားလုံးထွက်သွားတော့ဒီအခန်းထဲမာချက်ချင်းတိတ်ဆိတ်သွားလေတော့သည်..

Please Don't Change S-1Where stories live. Discover now