抖阴社区

Past-3

2.3K 42 0
                                    

Please Don't Change

အပိုင်း-၃

ညနေကျောင်းဆင်းချိန်မှာမာန်သူမကိုမစောင့်ဘဲစက်ဘီးကိုနင်းသွားလေသည်..သူမထမင်းခြင်းလေးဆွဲပြီးလမ်းတစ်လျှောက်ဖြေးညှင်းစွာလျှောက်လာခဲ့လိုက်သည်

ကျောင်းနဲ့အိမ်သိပ်မဝေးသလိုအိမ်နီးချင်းတွေဖြစ်တာကြောင့်မာန့်စက်ဘီးနဲ့သာလိုက်ဖြစ်ခြင်းပင်..

သူမအတွေးတွေနဲ့အတူလမ်းတစ်လျှောက်တစ်ရွေ့ရွေ့နဲ့ပြန်လာခဲ့လိုက်သည်..

ဒေါ်ရွှေဇင်လတ်တစ်ယောက်အိမ်ရှေ့ကနေစောင့်နေမိသည်မာန်ပြန်လာတော့မပါသည့်အပြင်ဘာမေးမေးမဖြေတယ့်မာန့်ကြောင့်သူမသမီးဖြစ်သူကိုတစ်မျှော်မျှော်နဲ့စောင့်နေရသည်..
ကျောင်း၀တ်စုံနဲ့ပုံရိပ်လေးကိုမြင်မှဒေါ်ရွှေဇင်လတ်တစ်ယောက်အပြေးလေးသွားကာ

သမီးရယ်မေမေအရမ်းစိတ်ပူနေတာဟိုကောင်လေးမေးတော့လည်းမဖြေဘူးသမီးကဘာလို့တစ်ယောက်တည်းပြန်လာတာလဲ

ဘာမှမဖြစ်ပါဘူးမေမေ

ဟုတ်ရဲ့လားသမီးကိုအဲ့ကောင်လေးအနိုင်ကျင့်ပြီးထားခဲ့ပြန်တာမှလား..အဲ့တာတွေမကြိုက်တာသမီးနောက်နေ့ကစပြီးကိုယ့်ဘီးနဲ့ကိုယ်သွား

အလကားအလေလိုက်ပြီးသမီးကိုစာကူးခိုင်းလိုက်အနိုင်ကျင့်လိုက်နဲ့သမီးသူနဲ့ဒီကရှေ့ကင်းကင်းနေကြားလား

မေမေကလည်း

မေမေကလည်းလုပ်မနေနဲ့ညည်းတို့သားဖကအဲ့ကောင်လေးကိုဆိုအရေးပေးလွန်းတယ်ဒါ့ကြောင့်လည်းနိုင်စားနေတာပေါ့..လူကြီးလူကြီးမှန်းမသိမိမဆုံးမဖမဆုံးမကလေးကျနေတာဘဲ

မျက်နှာချင်းဆိုင်ကမာန့်ကြောင့်သူမတားပေမယ့်လည်းမေမေဟာဆက်ပြောနေဆဲ

တောက်!

မာန့်တောက်ခေါက်သံထွက်လာမှမေမေဟာနောက်ဘက်လှည့်ကာခြံထဲပြန်၀င်သွားတယ့်မာန့်ကိုကြည့်ရင်း

တွေ့လားလူကြီးကိုတောက်ခေါက်သွားသေးတာအချိုးကိုက

တော်ပါတော့မေမေရယ်ကြားသွားပါအုံးမယ်

Please Don't Change S-1Where stories live. Discover now