抖阴社区

Part-22

1.7K 31 0
                                    

Please Don't Change

အပိုင်း-၂၂

သူမဆေးရုံပြန်ဖို့အထွက်အိမ်ရှေ့ကလူကြောင့်သူမခြေလှမ်းတွေရပ်တန့်သွားရသည်..

ဧည့်ခန်းထဲမှာသူမတို့ထိုင်လိုက်ကြရင်း

အန်ကယ်လ်မှုံကော်ဖီလေးဖျော်လိုက်ပါ့မယ်..

သူမအပြောကိုမာန့်ဖေဖေကလက်ကာပြရင်း

နေနေသမီးအန်ကယ်လ်သမီးနဲ့စကားခဏပြောချင်လို့ပါ..

ဟုတ်ကဲ့အန်ကယ်လ်ပြောပါ..

သမီးကိုအနီးကပ်Nurseအတွက်ထပ်ပြီးအကူညီတောင်းချင်လို့ပါ..

အဲ့ကိစ္စက..

သမီးလွယ်လွယ်မငြင်းလိုက်ပါနဲ့ကွယ်

ဒီကအမကိုလည်းကျွန်တော်မေတ္တာရပ်ခံပါတယ်..

မဟုတ်တာ..သမီးကဘာလို့ငြင်းတာလဲကျမမသိဘူးလေ..

ဒေါ်လေးနဲ့မေမေကိုစိတ်မချလို့ပါ..

သမီးရယ်ဒေါ်လေးတို့အဆင်ပြေပါတယ်ဒါနဲ့အလုပ်ကအိမ်ပြန်နေရမှာလားဘယ်လိုလဲကျမသိချင်ပါတယ်..

သမီးမှုံအတွက်အသွားအပြန်တော့အဆင်ပြေမှာမဟုတ်ဘူး..ကျနော်တို့အိမ်မှာဘဲနေမှရမှာ..

ဟို..အဲ့မှာနေဖို့ကျသမီးအတွက်အဖော်ရှိပါ့မလား..

အဲ့အတွက္မပူပါနဲ့သမီးမှုံအတွက္မိန်းကလေးအဖော်တွေအများကြီးရှိပါတယ်..အနေမကျဥ်းကြပ်စေရပါဘူး..ပြီးတော့သမီးမှုံကိုလုပ်အားခအနေနဲ့လည်းမနာ်းစေရဘူးလို့ကျနော်အာမခံပါတယ်..ဆေးရုံအုပ်ကြီးစီမှာလည်းခွင့်တောင်းပီးပြီဆိုတော့သမီးဖြစ်နိုင်ရင်ပြန်စဥ်းစားပေးပါ..

သမီး..သမီးမေမေနဲ့ဒေါ်လေးအတွက်ဘာမှတွေးပူမနေနဲ့ဒေါ်လေးတို့အဆင်ပြေပါတယ်..သမီးအလုပ်ကိုသမီးအာရုံစိုက်ပါ..

ဒေါ်ရွှေဇင်အိတစ်ယောက်တူမဖြစ်သူကိုတိုက်တွန်းနေမိသည်..ညီမဖြစ်သူဆေးရုံစားရိတ်နည်းနည်းမှအပို၀င်ငွေရရပေါ့..

အနီးကပ်အလုပ်ဆိုတော့သေချာပေါ့က်ဆေးရုံကလစာထပ်တော့မနည်းမှာအသေအချာပင်..

Please Don't Change S-1Where stories live. Discover now