Please Don't Change
အပိုင်း-၃၁
သူမနဲ့မာန်ပြည်မှာ၂ညအိပ်နေပြီးဒီနေ့ဘဲရန်ကုန်ပြန်ရောက်လာခဲ့သည်မနက်ဖြန်ဆိုရင်မာန်ဟာအလုပ်ကိစ္စနဲ့ခရီးထွက်ရမည်ဖြစ်သည်မို့သူမနဲ့ခေတ္တခဏတော့ခွဲနေရပေအုံးမည်..
သူမမာန့်ရင်ခွင်ထဲတိုး၀င်ကာ
မောင်ဘယ်တော့လောက်ပြန်လာဖြစ်မှာလဲဟင်..
ဘယ်မှမသွားရသေးတယ့်သူ့ကိုမမကပြန်လာမယ့်ရက်ကြိုမေးနေသည်တဲ့လေ..
မောင်အရမ်းမကြာပါဘူးမမရယ့်..
မှုံမောင့်ကိုအရမ်းလွမ်းနေတော့မှာဘဲမောင်ရယ်..
မောင့်ကိုအရမ်းချစ်တာဘဲလားဟမ်..
အင်းမှုံမောင့်ကိုအရမ်းချစ်တယ်..အဆုံးရှုံးလည်းမခံနိုင်ဘူး..
မောင်လည်းအတူတူပါဘဲမမရယ်..မောင်အလုပ်တွေပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်..ပြန်လာရင်မောင်တို့လက်ထပ်ပွဲလုပ်မယ်..
မမြန်လွန်းဘူးလားဟင်..
မြန်တယ်..မြန်ရအောင်မမနဲ့မောင့်ရဲ့ချစ်သူသက်တမ်းက၃၊၄လမှမဟုတ်တာ..မောင်တို့ချစ်ခဲ့ကြတာအထက်တန်းကျောင်းသားအရွယ်ကတည်းကလေ..
ဒါတော့ဒါပေါ့..ဒါပေမယ့်လက်ထပ်ဖို့တော့စောလွန်းမနေဘူးလားလို့..မေမေကလည်းကျန်းမာရေးကကောင်းတာမဟုတ်ဘူးလေ..
ဟုတ်ပါတယ်မောင်တို့ဒီကိစ္စအတွက်အရမ်းမလောသေးလည်းဖြစ်ပါတယ်ဒါပေမယ့်မောင်ကမမကိုအပိုင်လိုချင်နေပြီ..
မောင်နောက်ကျနေတော့မယ်သွားတော့လေ..
ကားနားထိမောင့်ကိုလိုက်ပို့ပေး
မောင်ကကလေးလား
အင်းကလေး..မမရဲ့ကလေးလေ..
🌸🌸
သူမမောင့်ကိုအောက်ထပ်ထိလိုက်ပို့ပေးကာမောင့်ကားလေးထွက်သွားသည်ထိသူမရပ်ကြည့်နေမိသည်ထွက်သွားတယ့်ကားလေးကိုကြည့်ရင်းသူမရင်ထဲမှာဟာတာတာနဲ့မျက်ရည်တို့ကဝေ့သီလာရသည်..
ကားပေါ်ကမောင်လည်းသိပ်ကိုခံစားနေရမှာမောင်ကသူမအပေါ်သိပ်တွယ်တာတယ့်သူမဟုတ်လား..

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...