抖阴社区

                                    

ဘယ်ကောင်ကရီတာလဲအကုန်အပေါက်ပိတ်ပေးမယ်

မာန့်ရဲ့ခပ်ဆတ်ဆတ်အဖြေကြောင့်မှုံသက်ပြင်းလေးအသာချရင်း

ဟင်း..စိတ်ကိုလျှော့ပါဒီတိုင်းလေးပြောလိုက်တာကို

မသိဘူးဗျာစကားမများနဲ့တော့ကျောင်းနောက်ကျတော့မယ်..

အင်းပါ..

မှုံမာန့်စက်ဘီးနောက်ခပ်ရို့ရို့လေး၀င်ထိုင်ကာစက်ဘီးခုံလေးကိုကိုင်လိုက်တော့

ကျစ်!လက်ကညပ်မယ်ကျုပ်ခါးဖက်တော့ဘယ်ကောင်ကလာပြောမှာမို့လဲ

မာန်ဆိုသည်မှာဤကဲ့သို့လူမျိုးပင်..စကားပြောမချိုသာတတ်မိဘတွေရဲ့အိမ်ထောင်ရေးပြဿနာတွေကြားစိတ်ဒဏ်ရာရနေသူမို့ခပ်တေတေလေးသာနေတတ်သည်..သို့ပေမယ့်မာန်ချိုချိုသာသာဆက်ဆံသည့်လူကသူမတစ်ယောက်သာ

ခုတောင်စိတ်တိုစပြုလာသည်မို့စကားသံတွေဟာမနူးညံ့တော့

သူမလည်းမာန့်ခါးပေါ်ကိုလက်ချောင်းသွယ်သွယ်တို့ကနေရာယူလာလေသည်..

မာန်ခပ်မဲ့မဲ့လေးပြုံးရင်းသာစက်ဘီးလေးနင်းထွက်လာလိုက်သည်..
🍎🍎🍎🍎🍎🍎🍎🍎
ကျောင်း၀န်းပေါက်ရောက်တာနဲ့မာန်စက်ဘီးလေးရပ်လိုက်ကာဆင်းတွန်းလာလိုက်သည်...မမကလည်းသူ့ဘေးခပ်ကုတ်ကုတ်လေးသာကပ်ပါလာသည်..

သူမပါဘဲကျောင်းခန်းထဲမ၀င်ရတာလည်းသူထုတ်ထားသည့်စည်းကမ်းတစ်ခုမဟုတ်လား

မာန်စက်ဘီးလေးကိုနေရာတကျစီထားလိုက်ပြီးမမလက်ထဲကလွယ်အိတ်ကိုပြောင်းယူပြီးထမင်းချိုင့်ခြင်းလေးဆွဲကာအဆောင်စီထွက်လာခဲ့လိုက်သည်..

အဖြူရင်ဖုံးထဘီစိမ်းလေးနဲ့သူမကယဥ်စစလေးလှသလိုယင်းမာဖိနပ်ဖြူဖြူလေးနဲ့အပြိုင်ခြေဖမိုးဖြူဖြူလေးတွေနဲ့ခြေလှမ်းတွေကအရပ်ရှည်သူမာန့်ကိူမှီဖို့ခပ်မြန်မြန်လှမ်းနေရလေသည်

တင်ပါးလောက်ရှိတယ့်ဆံနွယ်ရှည်လေးတွေကမေမေကိုယ်တိုင်ကျစ်ပေးထားကာမျက်နှာလေးကရှင်းလင်းနေသည်သနပ်ခါးပါးကွက်ကလေးနဲ့သူမကအတန်းထဲမှာအပြင်တစ်ကျောင်းလုံးမှာယဥ်ယဥ်လေးနဲ့အလှဆုံးပင်

Please Don't Change S-1Where stories live. Discover now