သို့ပေမယ့်မာန့်ကြောင့်ဘယ်သူမှတော့ရည်းစားစကားမပြောရဲပေ..
သူမတို့က၉တန်းဖြစ်ပြီးစာတော်တယ့်ကျောင်းသူတစ်ယောက်ဖြစ်သလိုမာန်ဟာလည်းကျောင်းအားကစားမှာအထူးချွန်ဆုံးပင်..
သူမတို့ကျောင်းခန်းထဲရောင်တော့လူစုံနေပြီဖြစ်သလိုကျောင်းတက်ခေါင်းလောင်းသံကြားတာကြောင့်အားလုံးကကျောင်းခန်းထဲအလျှိုလျှို၀င်လာကြသည်
အတန်းခေါင်းဆောင်တိုင်ပေးတယ့်ဘုရားစာကိုခပ်ညီညီရွတ်ဆိုရင်းတစ်နေ့တာရဲ့အစကိုတက်ကြွစာစတင်ခဲ့ကြသည်..
🍎🍎🍎🍎🍎🍎🍎🍎
ဒီဇင်ဘာလမို့ကျောင်းအားကစားပွဲတွေပြိုင်ဆိုင်နေကြသလိုမာန်လည်းဘောလုံးပြိုင်ပွဲထဲမှာ၀င်ပါဖြစ်သည်..မနက်ခင်းပိုင်းတင်စာသင်ပြီးနေ့ခင်းကနေညနေထိကအားကစားပြိုင်ပွဲပင်
မာန်ဆရာမထွက်သွားသည်ထိစာလုပ်နေဆဲမမကြောင့်
မမဘာလုပ်နေတာလည်း
မာန်..စာပြီးပြီလား
မပြီးသေးပါဘူးကျနော်ဘောလုံးပြိုင်ရမှာလေ..
သူ့အပြောကြောင့်သူမကသတိရသွားဟန်နဲ့..
ဟုတ်သားဘဲမာန်သွားလိုက်တော့လေ..စာတွေကူးထားပေးမယ်..
မလိုဘူးစာကဟိုနဒီကိုကူးခိုင်းထားတယ်.
နဒီဆိုတာမာန့်ကိုသဘောကျနေတယ့်တစ်ယောက်ပင်
သူမမာန့်အပြောကြောင့်ကိုယ်လေးစောင်းကြည့်လိုက်တော့စာကိုကြိုးစားပမ်းစာကူးနေတယ့်နဒီ့ကြောင့်
မာန်ကလည်းသူများကိုအားနာစရာ
ဟာသူ့အဲ့လိုမခိုင်းထားရင်ကျနော့်နားကပ်နေမှာပေါ့..
အင်းပါအဲ့တာဆိုလည်းသွားကစားချေလေ..
ရမလားမမပါလိုက်ခဲ့..
စာမပြီးသေးဘူးလေ..
နောက်မှလုပ်လဲရတာဘဲကဲပါလာသွားရအောင်နောက်ကျနေပြီ..
ဟျောင့်မာန်မလာသေးဘူးလားကွ!
မာန့်သူငယ်ချင်းတစ်ချို့ခေါ်သံကြောင့်မှုံလည်းစာအုပ်လေးတွေသိမ်းရင်းမာန်ခေါ်ရာနောက်လိုက်ပါလာခဲ့သည်..
🌸🌸
မမဒီနားတင်ထိုင်နော်ကျနော်မခိုင်းဘဲဘယ်မှမသွားနဲ့အင်းပါမာန်ရဲ့
သူမအိမ်ကပါလာတယ့်အချိုရည်ဗူးအိတ်လေးကိုင်ကာမာန်ထားခဲ့တယ့်အပင်၀ိုင်းလေးမှာသာထိုင်နေခဲ့လိုက်သည်
မာန်ကမမနဲ့ကျနော်လို့သုံးတတ်ပေမယ့်အရာရာမှာသူ့စိတ်ဆန္ဒအတိုင်းသာသူမကနာခံရစမြဲပင်..
သူမအပင်၀ိုင်းလေးမှာထိုင်နေရင်းမာန်ကစားတာကိုစောင့်ရင်းသင်ထားတယ့်စာလေးတွေကိုပြန်နွှေးနေမိသည်..
သူမစာကျက်နေတုန်းသူမရှေ့ရွယ်တူကောင်လေးတစ်ယောက်ရောက်လာပြီး
မှုံနံ့သာ
🍎🍎🍎🍎🍎🍎🍎🍎
Author...Lwin

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
part-1
Start from the beginning