抖阴社区

                                    

ခုပြဿနာတက်ကာမာန်ကအော်လိုက်တာကြောင့်သူမရှက်ရွံ့သွားမိတာအမှန်

မာန်နင်ငါ့ကိုမအော်နဲ့နော်!

ကျုပ်ကိုခုပြန်ပြောနေတာလားဟမ်..မှုံနံ့သာ!

ဟင့်..နင်ကငါ့ကိုဆိုအမြဲအနိုင်ကျင့်တယ်ငါနင်နဲ့မခေါ်တော့ဘူးမာန်..

သူမပြောပြီးမျက်ရည်ခပ်၀ဲ၀ဲလေးနဲ့သူ့ရှေ့ကထွက်သွားတော့လည်းသူ့ရင်ထဲခပ်တင်းတင်းနဲ့သာ

ကျစ်!စိတ်ကကောက်သွားပြန်ပြီ..ဒီကောင့်ကြောင့်ငါ့ကိုကောက်သွားတာလားအဲ့ကောင်ကဘာမို့လို့လဲ

ရှိုင်းထက်!

ဘာ!

နောက်ကသူငယ်ချင်းအသံကြောင့်မာန်ဘာကနဲအသံထွက်ပြောလိုက်တော့သူ့သူငယ်ချင်းနန္ဒက

သူ့နာမည်ကရှိုင်းထက်၁၀တန်းက..ငါတို့ကျောင်းကိုဒီနှစ်မှပြောင်းလာတာ...ကျောင်းသားသစ်ဆိုတော့မင်းသတိမထားမိလို့ဖြစ်မှာပါ

မင်းကသိတာလား

၉တန်းခန်းမှာဆိုမာန်စစ်ဟိန်း၁၀တန်းမှာဆိုရှိုင်းထက်ဘဲ

ငါ့လောက်နီးနီးစော်ကြည်တယ်ဆိုတယ့်သဘောလား

အင်း..

မင်းကသိလှချည်လား..

ငါ့ကောင်မလေး သူငယ်ချင်းကသူ့ကိုအရှင်ရရအသေရရနော်

မာန်မျက်နှာကိုမဲ့ချလိုက်ပြီး

ဟွန့်..အဲ့လောက်တောင်လား..မမနားကိုဘာလာလုပ်တာလဲအကြောင်းရင်းကဘာလဲ

မာန်!

အင်း

မင်းမမကိုမင်းမချစ်ဘူးလားချစ်သူလို

ငါမသိဘူး..

မသိဘူးလုပ်နေမင်းမမသူများနောက်ပါသွားမှအသည်းတွေဟက်တက်ကွဲနေမယ်..မင်းမမကလည်းမိန်းကလေးတစ်ယောက်ဘဲရှိုင်းထက်လိုလူမျိုးကပျိုတိုင်းကြိုက်တယ့်နှင်းဆီခိုင်..ပါသွားမှရင်ကျိုးနေရမယ်..

မမကငါ့စကားတစ်ခွန်းတင်ပါ

ခုတင်စိတ်ကောက်သွားပြီကို..

ငါပြန်ချော့ရင်ဘယ်လောက်ကြာကြာကောက်ဖူးလို့လဲ

ကိုယ်ကတယ့်ဇာတ်ကိုနိုင်ရင်ပြီးတာပါဘဲ..ပွဲပြန်စတော့မယ်သွားရအောင်..

Please Don't Change S-1Where stories live. Discover now