နန္ဒအပြောကြောင့်မာန်လည်းသူငယ်ချင်းတွေပုခုံးကိုသိုင်းဖက်ရင်းဘောလုံးကွင်းဘက်ပြန်ထွက်လာခဲ့လိုက်သည်
စိတ်ဆိုးသွားတယ့်သူ့မမကိုတော့ပြီးမှချော့ဖို့သာဆုံးဖြတ်လိုက်တော့သည်
🍎🍎🍎🍎🍎🍎🍎🍎
မှုံတစ်ယောက်အတန်းထဲပြန်လာပြီးသာတွေတွေလေးထိုင်နေမိသည်..မာန်ကဘာလို့မြန်းသူမအပေါ်ဒီလောက်နိုင်စားရတာလဲ
နောက်ပြီးရှိုင်းထက်ဆိုတယ့်လူအကြောင်းကိုမသိစိတ်ကစဥ်းစားနေမိသည်..
မျက်ခုံးကောင်းကောင်းနှာတံပေါ်ပေါ်နဲ့သူကဖြူစွတ်စွတ်အသားရည်နဲ့မျက်မှန်အောက်ကမျက်၀န်းတွေကအလွန်လိုက်ဖက်ပြီးကြည့်ကောင်းတာတော့အမှန်..
သူမတွေးနေရင်းရှေ့ထပ်ရောက်လာတယ့်သူ့ကြောင့်
ဟင်နင်..
ငါနင့်ကိုကြည့်နေခဲ့တာငါ့ကြောင့်နဲ့မာန်စစ်ဟိန်းအော်တာခံလိုက်ရတာစိတ်မကောင်းပါဘူး
နင်ကမာန့်နဲ့ငါ့ကိုသိတယ်
အင်းနင်နဲ့ပတ်သတ်သမျှအကုန်သိတယ်
သူ့အပြောကြောင့်မျက်နှာလေးရဲကာသူမကရှက်သွားဟန်
နင်မာန့်ကြောင်းသိတာကိုဘာလို့ငါ့စီလာနေတာလဲသူသိရင်ပြဿနာတက်လိမ့်မယ်
သူကဘာမို့လို့လဲငါကနင့်ကိုတွေ့ဖို့သူ့စီကခွင့်ပြုချက်တောင်းရအောင်သူကနင့်အုပ်ထိန်းသူမှမဟုတ်တာ
ဒါပေမယ့်မာန်ကငါ့မောင်လေးလိုဘဲ
နင်ကအမြဲအလျှော့ပေးလိူ့သူခုလိုနင့်ကိုအနိုင်ကျင့်နေတာပေါ့..နောက်အလျှော့မပေးနဲ့
မာန်ကစိုးရိမ်လို့ပါငါ့ကိုအနိုင်ကျင့်တာရယ်လို့မဟုတ်ပါဘူး
သူစိတ်ပူရအောင်နင်ကကလေးမှမဟုတ်တော့ဘဲ..
သူ့ဘာသူကလေးဟုတ်ဟုတ်မဟုတ်ဟုတ်မင်း$ကြောင်းပါလား
နောက်ပါးစီကဟိန်းထွက်လာတယ့်အသံပိုင်ရှင်ကသူမနှလုံးသားထဲထိစွဲထင်နေသူပင်
သူမထိုင်နေရာကနေချက်ချင်းထကာမာန့်ဘက်ကိုမျက်နှာမူလိုက်တော့သူမဘက်ကိုခြေလှမ်းခပ်ကြဲကြဲနဲ့လျှောက်လာပြီးဒေါသရိပ်တွေဖုံးလွှမ်းနေတယ့်မျက်၀န်းအစုံနဲ့သူမဆုံလိုက်ရသည်ကြောင့်နှုတ်ခမ်းပါးကနေခပ်ဖွဖွရေရွတ်လိုက်မိသည်
မာန်!
မာန်အနားရောက်လာကာသူမဘေးရပ်လိုက်ပြီးရှိုင်းထက်နဲ့မျက်နှာချင်းဆိုင်အနေအထားရပ်လိုက်ကာ
အဲ့တော့မင်း$ကြောင်းလားလို့
နောက်ထပ်တစ်ကြိမ်သူထပ်ပြောလိုက်တော့တစ်ဘက်ကလူက
ငါမင်းနဲ့ပြဿနာတက်ဖို့လာတာမဟုတ်ဘူးမာန်စစ်ဟိန်း..
မင်းကငါနဲ့ပြဿနာတက်ချင်လို့ကိုမှုံနံ့သာနားရောက်နေတာပေါ့
မင်းကမှုံနံ့သာနဲ့ဘာမှမတော်ဘဲဘာတွေလာ၀င်ရောင်နေတာလဲမှုံနံ့သာကိုဘယ်သူမဆိုသဘောကျခွင့်ရှိတယ်..မှုံနံ့သာကခုချိန်ထိချစ်သူရှိသေးတာမဟုတ်ဘူး
ဟက်!စကားတွေကြွယ်နေပါ့လား..မှုံနံ့သာမှာချစ်သူရှိရင်မင်းကနောက်ဆုတ်မယ်ပေါ့ဟုတ်လား..အေးအဲ့တာဆိုမှုံနံ့သာချစ်သူကမာန်စစ်ဟိန်းဆိုတယ့်ငါဘဲ..
မာန့်!
နင့်ပါးစပ်ကိုပိတ်ထားမှုံ!
အမိန့်ပေးလာတယ့်သူ့ကြောင့်အမြဲနိုင်စားခံရတယ့်မှုံစိတ်တို့ကငြိမ်မခံချင်တော့
ငါမပိတ်နိုင်ဘူး!ငါကနင်ထားရာနေစေရာသွားလို့ရတယ့်အရုပ်မဟုတ်ဘူးလူဟ..နင်ငါ့ကိုချုပ်ခြယ်တာတွေဒီလောက်နဲ့ရပ်လိုက်ပါတော့..တော်ပါတော့ဟာ!
နင်ဘာပြောလိုက်တယ်မှုံ..နင်ဟာ..တောက်!
အင့်..အဟင့်..
သူမပုခုံးလေးနှစ်ဖက်ကိုခတ်ဆတ်ဆတ်လေးဆုတ်ကိုင်ပြီးမေးခွန်းထုတ်မိတော့လည်းသူမစီကရှိုက်ငိုသံအပြင်နောက်ထပ်တုံ့ပြန်သံမကြားရ..
သူမပုခုံးထက်ကသူ့လက်တွေကိုရုတ်သိမ်းလိုက်ပြီးဆံနွယ်မတိုမရှည်တွေကိုထိုးဖွလိုက်ပြီး
ကောင်းပြီလေကျနော့်လုပ်ရပ်တွေကမမကိုချုပ်ခြယ်နေတယ်ထင်ရင်လည်းဒီနေ့ကစပြီးမမနဲ့ပတ်သတ်တယ့်ဘယ်ကိစ္စမှကျနော်၀င်မပါတော့ဘူးမမစိတ်ကြိုက်နေပါ..
မာန့်!
ပြောပြီးလှည့်ထွက်သွားတယ့်မာန့်ကိုကြည့်ရင်းသူမမျက်ရည်တွေစီးကျလာရသည်..
သူမတကယ်တော့မာန့်အနိုင်ကျင့်မှုတွေကြားမှာမသိစိတ်ကပျော်၀င်နေမိနေပြီပင်..
🍎🍎🍎🍎🍎🍎🍎
Author...Lwin

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
Part-2
Start from the beginning