ကြားကြားပေါ့အေဘာကိုကရုစိုက်နေရမှာတုန်း
သူမခေါင်းလေးကုတ်ကာမေမေ့ထက်အရင်အိမ်ထဲဦးအောင်၀င်ခဲ့လိုက်တော့သည်..
🌸🌸
နောက်နေ့မနက်မှာတော့မှုံမစီးဖြစ်တာကြာတယ့်စက်ဘီးလေးကိုအနည်းငယ်သန့်ရှင်းရေးလုပ်ကာစက်ဘီးလေးနဲ့ထွက်လာခဲ့လိုက်သည်...သူမစက်ဘီးလေးကိုတွန်းရင်းကျောင်းထဲ၀င်လာတော့စက်ဘီးစီနေတယ့်မာန်နဲ့ဆုံဖြစ်သည်..
မာန်သူမစီကစက်ဘီးကိုလက်လွှဲယူလိုက်ပြီးစက်ဘီးတန်းထဲစီထားလိုက်သည်...
သူမကိုလည်းမကြည့်မိစိတ်ကတင်းမထားနိုင်မှန်းသိသည်သူမကတော့သူမအမေစကားကြောင့်သူ့ကိုမခေါ်ဘဲနေနိုင်နေသည်
သူမကိုခင်သလို့အန်ကယ်မျိုးမင်းကိုလည်းသူခင်သည်..အရင်ကငွေရှိတုန်းကခင်ပေမယ့်ဒယ်ဒီစီးပွားကျပြီးကတည်းကမှုံ့မေမေကသူတို့ကိုသဘောမတွေ့သလိုခပ်တန်းတန်းသာဆက်ဆံတတ်သည်..
သူကလည်းလူတွေကိုအဲ့တာတွေမျက်မုန်းကျိုးတာပင်..မပြောင်းလဲဘဲစိတ်ရင်းမှန်တယ့်မမနဲ့အန်ကယ်ကိုသာသူ့စိတ်ရင်းမှန်နဲ့ဆက်ဆံတာပင်..အားလုံးအမြင်မှာသူဟာခပ်ဆိုးဆိုးအပေအတေတစ်ယောက်ပေါ့..
မှုံဒီနေ့တစ်ယောက်တည်းယောင်ချာချာဖြစ်နေရသည်..
အခါတိုင်းမာန်နဲ့တစ်တွဲတွဲဆိုတော့သူမတစ်ယောက်တည်းကျောင်းခန်းထဲကထွက်လာပြီးမုန့်ဈေးတန်းဘက်ထွက်လာခဲ့သည်..
မှုံကျောင်းအုတ်တံတိုင်းထောင့်ကမာန်တို့အဖွဲ့ကိုအမှတ်တမဲ့မြင်လိုက်ပြီးခြေလှမ်းတွေကခပ်သွက်သွက်နဲ့မာန့်စီရောက်သွားပြီးလက်ထဲကဆေးလိပ်ကိုဆွဲယူလိုက်သည်..
အ့!
ကျစ်!ဘာဖြစ်တာလဲ..
ဆေးလိပ်ဆွဲယူလိုက်တာကြောင့်မှုံ့လက်ပူသွားရသည်မာန်ကတော့စိတ်ရှုပ်သလိုကြည့်ရင်းပြန်မေးလာတယ့်စကားကြောင့်
မာန်နင်ဆေးလိပ်တွေဘာလို့သောက်နေတာလဲ..
အဲ့တာခင်ဗျားအပူလား
နင်အဲ့လိုမပြောပါနဲ့ငါကစေသနာနဲ့
ဟက်စေသနာဟုတ်လား..ကျုပ်လိုအပေအတေကောင်နဲ့ခင်ဗျားကပတ်တောင်မပက်သက်ချင်တာဘာစေသနာတွေလာပြောနေတာလဲ

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
Past-3
Start from the beginning