抖阴社区

                                    

ကျေးဇူးပါ..

သူမအထဲ၀င်လာတော့မာန့်ဘေးမှာထိုင်နေတယ့်ဦးလေးကိုမြင်လိုက်ရသည်..

သူမစားပွဲလေးပေါ်ဆေးပစ္စည်းလေးတွေတင်ရင်းကုန်စင်သွားပြီဖြစ်တယ့်သွေးအိတ်ကလေးကိုဖြုတ်လိုက်သည်..

ဦးလေးကသူမကိုကြည့်နေရင်းစကားစလာလေသည်

စိတ်မရှိပါနဲ့သမီးအန်ကယ်လ်တို့တွေးဖူးသလား

ဦးလေးမမှတ်မိလို့ပါ..မှုံကဒေါ်ရွှေဇင်လတ်သမီးပါ..

သြော်..မှတ်မိပြီသမီးဖေဖေတောင်ဆုံးသွားပြီနော်

ဟုတ်ကဲ့၇နှစ်ရှိပါပြီ..

ခုသမီးတို့သားမိဘယ်မှာနေနေကြလဲ

အဒေါ်နဲ့နေတာပါဒီနားလေးမှာပါဘဲဆေးရုံနဲ့၃လမ်းဘဲခြားတာပါ..

အေးအေး..သမီးကျောင်းပြီးပြီပေါ့

မှုံ၉တန်းအောင်ပြီးနားလိုက်တာပါ..ဆေး၀ါးကျွမ်းကျင်သင်ပြီးဒီမှာအလုပ်၀င်နေတာ၅နှစ်ကျော်ပြီ..

ကောင်းပါတယ်ကွယ်သမီးမေမေရောနေကောင်းရဲ့လား

ဟုတ်ကောင်းပါတယ်မေမေကကျောက်ကပ်အစားထိုးထားရတာအိမ်မှာဘဲနားနားနေနေဘဲပေါ့..ခုတော့ကျန်းမာရေးတော်တော်လေးကောင်းလာပါတယ်..

အန်ကယ်လ်တို့လဲမတွေ့ဖြစ်တာကြာသွားပြီနော်..

သားကအလုပ်သိပ်ကြိုးစားတာသားကတော့ကျောင်းပြီးသွားတယ်..အန်ကယ်လ်တို့ငွေတွေလိမ်ခံခဲ့ရတယ်ထင်ခဲ့ပေမယ့်..အထင်လွဲခဲ့တာသမီးရယ်

အန်ကယ်လ်ရှယ်ယာထည့်ထားတယ့်ကျောက်တွင်းကကျောက်အောင်ခဲ့တာ..

အန်ကယ်သားအပေါ်မှာတာ၀န်မကျေခဲ့တာတွေများတယ်လေ..သားကလည်းစီးပွားရေးကိုတော်တော်လေးစိတ်၀င်စားရှာတယ်..

ဒါနဲ့မာန့်ဒဏ်ရာတွေက..

စီးပွားရေးလုပ်တော့မလိုသူတွေလည်းရှိတာပေါ့သမီးရယ်မူဆယ်ဘက်ကိုအလုပ်ကိစ္စနဲ့သွားရင်းလုပ်ကြံခံရတာ..

ပြောရင်းမျက်ရည်တွေဝေ့လာတယ့်မာန့်ဖေဖေကြောင့်

မာန်မနက်ဖြန်လောက်ဆိုသတိပြန်ရလာမှာပါအန်ကယ်လ်အရမ်းမစိုးရိမ်ပါနဲ့

Please Don't Change S-1Where stories live. Discover now