抖阴社区

                                    

ရင်အုပ်တွေအပြင်ကြွက်သားတွေအပြည့်နဲ့၀မ်းဗိုက်ကပတ်တီးဖြူဖြူတစ်၀က်ဖုံးအုပ်ထားလေသည်..

သူမစိတ်ကိုထိန်းထားပေမယ့်လည်းရှက်စိတ်ကြောင့်မျက်နှာတစ်ခုလုံးပူလာရသည်..သေချာသည်ကတော့သူမနားရွက်ဖျားတွေကလည်းရဲနေမှာပင်

မာန်နီဆွေးနေတယ့်သူမနားရွက်ဖျားတွေကိုကြည့်ရင်း

ဟက်!

အသံထွက်ရီမိလိုက်တော့မျက်၀န်းလေးတွေကဖျက်ကနဲလှန်ကြည့်လာသည်..

ကျုပ်ကစွဲဆောင်မှုရှိရဲ့လား

သူမမျက်လွှာလေးပြန်ချသွားကာခေါင်းသာအသာရမ်းပြလာသည်ကြောင့်..

မညာပါနဲ့နားရွက်ဖျားတွေနီရဲနေပြီ..

ယောကျာ်းလေးတစ်ယောက်နဲ့အနီးကပ်မနေဖူးလို့ပါ..

ဟင်းဟုတ်မှာပါ..ခင်ဗျားကငွေမရှိတဲ့သူဆိုအရောတောင်၀င်မှာမှမဟုတ်တာ..ကျုပ်ကိုတော့စိတ်၀င်စားရဲ့လား..

သူမဘာမှပြန်မပြောဘဲနေရာကထွက်သွားမယ်လုပ်တော့လက်ကနေဆွဲလိုက်တာကြောင့်သူမခုတင်လေးပေါ်ပက်လက်ကလေးလဲကျသွားရသည်..

မာန်အခွင့်ရေးရတာနဲ့သူမပေါ်အုပ်မိုးလိုက်ကာသူမနှုတ်ခမ်းတွေကိုဖိကပ်နမ်းရှိုက်လိုက်တော့သည်..

သူမမာန့်ရင်အုံကိုတွန်းကန်ထားပေမယ့်လည်းနည်းနည်းမှမရွေ့ဘဲနှုတ်ခမ်းတွေကိုပိုမိုစုတ်ယူနေတာကြောင့်အသက်ရှုကလည်းမ၀ချင်တော့သလိုမျက်၀န်းအိမ်ကမျက်ရည်ကြည်တို့ကလည်းမဖိတ်ခေါ်ဘဲကျဆင်းလာခဲ့သည်..

အွန့်..ဟင့်..

သူမရုန်းကန်နေပေမယ့်လည်းမာန်ဟာနည်းနည်းလေးမှအလျှော့မပေးဘဲအငြိုးတစ်ကြီးနမ်းရှိုက်နေလေတော့သည်..

သူမနဲ့ချစ်သူဖြစ်ခဲ့ပေမယ့်သူမနှုတ်ခမ်းတွေကိုတော့ခုမှပထမဆုံးနမ်းဖြစ်ခြင်းသာ..သူမနှုတ်ခမ်းတွေကချိုမြိန်နေကာမလွှတ်ချင်လောက်အောင်စွဲလမ်းရသည်..

မျက်ရည်တွေစီးကျနေတယ့်သူမကြောင့်မာန်လွှတ်ပေးလိုက်ပြီးမျက်နှာလေးကိုသေချာစိုက်ကြည့်ကာ..သူနမ်းလိုက်တာကြောင့်နီထွေးသွားတယ့်နှုတ်ခမ်းလေးကိုလက်မနဲ့အသာပွတ်ရင်း

ကျုပ်နဲ့ပြန်တွဲမလား..

သူမမာန့်မျက်နှာကိုမော့ကြည့်ရင်းခေါင်းကိုသာရမ်းလိုက်မိရင်း

ဟင့်အင်း..ငါနင်နဲ့ပြန်မတွဲချင်ဘူး..

ဘာလို့လည်း..ကျုပ်မှာခင်ဗျားတို့ပြောစရာမလိုလောက်အောင်ပိုက်ဆံရှိနေပြီလေ..ဘာလို့လည်း..မူနေတာလား

မာန်..ငါနင့်ကိုလမ်းခွဲခဲ့တာငွေကြောင့်လို့နင်ထင်တာလား

ဟက်..အခြားအကြောင်းရှိသေးလို့လား..

အင်း..ငါနင့်ကိုဘာလို့ပြန်မတွဲချင်လည်းနင်သိလား..

မသိဘူး!သိလည်းမသိချင်ဘူးခင်ဗျားအလုပ်ကကျုပ်ခိုင်းတာလုပ်ဖို့ကျုပ်စကားနားထောင်ဖို့ခင်ဗျားပြောတာနားထောင်ဖို့ကျုပ်မှာအချိန်မရှိဘူး..

နောက်တစ်ခု..ကျုပ်ကိုလေးလေးစားစားဆက်ဆံပါကျုပ်ကခင်ဗျားတန်းတူဆက်ဆံရမယ့်အနေအထားမဟုတ်ဘူး..

သူမမျက်ရည်ကြည်တစ်ချို့ကိုပုတ်ခတ်ထုတ်လိုက်ရင်း..

ကောင်းပါပြီးကျမဦးမာန်စစ်ဟိန်းပြောသလိုနေပါ့မယ်..
🍎🍎🍎🍎🍎🍎🍎
Author...Lwin

Please Don't Change S-1Where stories live. Discover now