မာန်ခနဲ့တဲ့တဲ့နဲ့ခပ်မဲ့မဲ့ပြောလိုက်တော့သူမမျက်နှာလေးကချက်ချင်းခက်ထန်သွားကာသူ့ကိုစူးစိုက်ကြည့်လာရင်း
ငါနင်နဲ့ပြန်မတွဲဘူး..ဘာလို့ဆိုနင်ငါ့ကိုအထင်သေးလို့..နင့်စိတ်ထဲမှာငါ့ကိုအထင်သေးနေတယ်နင်ငွေမရှိလို့ထားခဲ့ပြီးနင်ငွေရှိလာရင်ပြန်တွဲမှာဘဲဆိုပြီးအတွေးထဲမှာငါ့ကိုအထင်သေးနေလို့..
ငါနင့်ငွေတွေထပ်တစ်ချိန်ကနင့်ကိုဘဲငါချစ်တာ..နင့်ရင်ထဲမှာနာကျင်နေရတယ်မှလား..နင်အရမ်းပင်ပန်းနေပြီမာန်..မာကျောခက်ထန်နေတယ့်မျက်နှာဖုံးရဲ့နောက်မှာငါချစ်ရတယ့်မာန်ရှိနေသေးတယ်မှလား
သူမလက်ချောင်းသွယ်သွယ်တို့နဲ့သူ့မျက်နှာကိုတို့ထိကာပြောလိုက်သည်ကြောင့်သူ့ရင်ထဲလည်း၀မ်းနည်းသွားရသည်..
အရင်အချိန်တွေလိုမဟုတ်တော့ဘဲပိုအထီးကျန်လာတယ့်ဘ၀ကိုသူ့ကိုယ်တိုင်သာအသိဆုံးပင်..
သူမကဘာမှမပြောင်းလဲခဲ့ပေ..အရင်ချိန်တွေလိုသူ့စိတ်ကိုနားလည်ပေးနေတုန်းပင်..
ဘာလို့ကျုပ်ကိုထားခဲ့တာလဲ..
ဘာလို့ထားခဲ့တာလဲဆိုတယ့်အကြောင်းကိုပြောရင်နင်ကယုံပေးမှာမို့လို့လားမာန်..
ရှင်းပြသင့်တယ်လေကျုပ်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေပေါ့..ခင်ဗျားဘဲကျုပ်ကိုချစ်တယ်ဆို..
ဟင်း..နင်ကအရင်ကကလေးဆိုးလေးလိုဘဲမာန်..ကိုယ့်ကိုမယုံကြည်နိုင်တယ့်သူကိုငါဘာလို့ရှင်းပြနေမလဲ..ငါ့ရင်ထဲမှာရှိနေရင်ပြီးပြီပေါ့..
မျက်နှာသစ်အုံးမလားမာန်..
သူမကသူ့ရှေ့ကထကာစောင်းငဲ့ကြည့်ရင်းပြောလိုက်တော့သူခေါင်းတစ်ချက်သာငြိမ့်ရင်းပြန်ဖြေလာခဲ့သည်..
သူမမာန့်ကိုတွဲရင်းရေချိုးခန်းဘက်၀င်လာခဲ့လိုက်သည်..
သူမသွားတိုက်ဖို့ပြင်ပေးတော့မာန်ကသူမခါးကိုနောက်ကနေသိုင်းဖက်လာသည်ကြောင့်
မာန်..
ကျနော်တို့ပြန်တွဲရအောင်..အရင်လိုပြန်နေချင်တယ်..
ပြောပြီးသူမပုခုံးလေးထက်ကိုမေးလေးတင်ကာသူမပါးပြင်လေးကိုနမ်းရှိုက်လာသည်မှာသိပ်ကိုနူးညံ့ညင်သာလျက်..
သူမဘေစင်မှန်ကတဆင့်မာန့်ကိုကြည့်မိတော့မျက်၀န်းတွေကိုမှိတ်ကာတမေ့တမောနမ်းရှိုက်နေပုံကသိပ်ကိုလွမ်းနေခဲ့ပုံ
သူမမာန့်လက်တွေကိုဆုတ်ကိုင်လိုက်တော့မာန်ကသူမကိုမှန်ထဲကနေတဆင့်ပြန်ကြည့်လာခဲ့သည်ကြောင့်သူမလည်းမာန့်ပါးပြင်ကိုစောင့်ငဲ့နမ်းရှိုက်ကာရှေ့အမြန်ပြန်လှည့်လိုက်သည်..
သူမအပြုအမူကြောင့်မာန်ကခပ်ပြုံးပြုံးရယ်သာ
အချစ်ဆိုတာနှုတ်ကထုတ်ပြောနေစရာမလိုပါဘူးတစ်ခါတစ်လေတော့လည်းအချစ်ဆိုတာအမူအယာနဲ့တင်ဖော်ပြလို့ရနိုင်တာမျိုး..
ဥပမာပြောရရင်တော့သူမနဲ့မာန့်ရဲ့လက်ရှိအနေထားလေးပေါ့..
🍎🍎🍎🍎🍎🍎🍎
Author...Lwin
မာန်ကမမကိုခေါင်းစခြေဆုံးစိန်တွေညွှတ်နေအောင်ဆင်ပေးမှာနော်🤭မာန့်ရဲ့မဲဆွယ်အမ်းနည်း😄

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
Part-23
Start from the beginning