နင်ကကလေးလားအမြဲဆိုးနေတာဘဲလူတွေမြင်ကုန်မယ်ဖယ်ပါ..
မဖယ်ပါဘူးဘယ်သူမှလည်းမမြင်ဘူးမြင်လည်းကရုုမစိုက်ဘူး..
နင်ကရုုမစိုက်ပေမယ့့်ငါစိုက်တယ်လေ..
မမကလေငယ်ငယ်ကအတိုင်းဘဲနည်းနည်းလေးမှမပြောင်းလဲဘူး..
နင်ရောဘဲ..
ဘယ်လို!
ဟုတ်တယ်လေနင်ရောဘဲအရင်ကအတိုင်းဘာမှမပြောင်းလဲဘူး..
ဟက်!
သူမအပြောကြောင့်သူဟက်ကနဲရယ်လိုက်တော့သူမကမျက်စောင်းလေးရွယ်လာသည်ကြောင့်
ကျနော်ပြောင်းလဲသွားတာတွေအများကြီးပါမမနောက်တော့သိလာပါလိမ့်မယ်..
ဒါနဲ့အန်ကယ်ပြောတော့နင်ဘွဲ့ရပြီဆိုဘာနဲ့ကျောင်းပြီးတာလဲ
ရေဆင်း!
သူမကိုသူလက်ပိုက်ရင်းကြည့်နေကာသူမအမေးကိုခက်သွက်သွက်ဘဲပြန်ဖြေလိုက်မိသည်
ဒါနဲ့ဒီအပင်တွေကနင်စိုက်ထားတာလား..
အင်း
အရောင်စုံအပြိုင်အဆိုင်ပွင့်နေတယ့့်သစ်ခွပင်လေးတွေကိုလက်ညှိုးထိုးပြရင်းမေးလာသည်ကြောင့်သူခေါင်းတစ်ချက်ငြိမ့်ရင်းခပ်ပြုံးပြုံးနဲ့သာပြန်ဖြေလိုက်မိသည်
ထင်သားဘဲနင်ကအရင်ကတည်းကအပင်စိုက်၀ါသနာာပါတာဆိုတော့..
သူမတွေးတာမှန်သွားတော့ဖြစ်သွားတယ့်မျက်နှာလေးကတကယ့်ကလေးတစ်ယောက်လို..
သူမဘာလုပ်လုပ်သူကတော့ပြုံးပြုံးကြီးသာကြည့်နေမိသည်..သူမကသူ့ဘက်တစ်ချက်လှည့်လာပြီး
ငါဘုရားကပ်မလို့ခူးမယ်နော်မာန်..စိုက်ထားတယ့်နင်လည်းကုသိုလ်ရတာပေါ့..
မမလိုချင်ခူးပါ..မမဘာသာဘာလုပ်လုပ်..
နင်ပြောတယ့်ပုံကြီးကလည်းနင်ကမခူးစေချင်ဘူးလား..
နှုတ်ခမ်းလေးစူထော်ရင်းမေးလာတယ့်သူ့မမကြောင့်လက်ပိုက်ထားရာကနေဖြည်လိုက်ပြီးမမခေါင်းလေးကိုအုပ်မိုးကာဖွဖွပွတ်လိုက်ပြီး
မဟုတ်ရပါဘူးဗျာ..အပင်ပေါ်မှာရှိတာပိုလှတယ်ထင်လို့..
နင်ကလည်းဘုရားလှူတော့ကုသိုလ်ရတာပါ..
မမလှူချင်လှူလေ..ကျနော်ကတော့ကုသိုလ်မလိုချင်ဘူး..
ဘာလို့..
ကျနော့်ခံယူချက်ကကိုယ့်ကိုယ့်ကိုသာအားကိုးယုံကြည်ရာလို့ခံယူထားလို့..
နင်ကဘာသာမဲ့လား..
အွန်း!
သူမရွဲ့မေးလိုက်ပေမယ့်မာန့်အဖြေစကားကြောင့်မျက်လုံးလေး၀ိုင်းသွားရကာအံ့ဩရိပ်လေးဖြင့်..
တကယ်ကြီးလား..
ကျနော်ကမမကိုဘာလို့ညာရမှာလဲ..
အန်ကယ်ကဘာမှမပြောဘူးလား..
ဘာပြောရမှာလဲကျနော်ကအသက်ပြည့်ပြီးလူတစ်ယောက်လေလွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်လေဗျာ..
နင်မှတ်ပုံတင်ထဲမှာလဲဘာသာမဲ့လို့ရေးထားတာလား..
ဒါပေါ့..မမရဲ့..
မမ..
အွန်းပြောလေ..
မမနဲ့ကျနော့်ကြားမှာသူစိမ်းဆန်နေသလိုမခံစားရဖူးလား..
ဟင့်အင်း..ဘာလို့လဲနင်အဲ့လိုခံစားနေရလို့လား..
အွန်း..ကျနော်တို့ကချစ်သူတွေဖြစ်နေပြီဆိုတော့အခေါ်ဝေါ်လေးတော့ပြောင်းသင့်သလားလို့..
ဒီတိုင်းလည်းပြောရတာအဆင်ပြေတာဘဲကိုဘယ်လိုပြောင်းချင်လို့လဲ..
ကျနော်ကတော့မမလို့ခေါ်တာအဆင်ပြေတယ်လေ..
ငါလည်းမာန်လို့ခေါ်တာအဆင်ပြေတာဘဲကို..
မပြေပါဘူး..
ဒါဖြင့်ဘယ်လိုခေါ်ရမှာလဲပြော..
ကျနော်ပြောရင်မမကတကယ်ခေါ်မှာလား..
အင်းပြော...ဘယ်လိုခေါ်ရမှာလဲ..
မောင်!
မောင်လို့ခေါ်
🍎🍎🍎🍎🍎🍎🍎
Author...Lwin
မောင်လို့ခေါ်ခိုင်းကုန်ပြီ🤭

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
Part-24
Start from the beginning