အဒေါ်ပြောချင်တာက..မင်းကိုမယုံလို့လည်းမဟုတ်ပါဘူး..ပတ်၀န်းကျင်ဆိုတာရှိသေးတယ်လေ..
ကျနော်နောက်ကအလုပ်ကိစ္စနဲ့ခရီးသွားစရာရှိသေးတယ်..အဲ့တာကြောင့်အဲ့အချိန်မတိုင်ခင်တော့မမကိုကျနော့်စီမှာဆက်ထားပေးပါ..ကျနော်တောင်းဆိုတာပါအန်တီ..
မင်းကဘယ်တော့သွားမှာလဲ..
နောက်လ၂ရက်နေ့ပါ..
ကောင်းပြီလေဒါဆိုလည်းအဲ့မတိုင်ခင်ထိသမီးမှုံကိုအလုပ်ဆက်လုပ်ခိုင်းမယ်..အဒေါ်စိတ်ချချင်တယ်..
စိတ်ချပါအန်တီ..ပြီးတော့ကျနော်ကျေးဇူးလည်းတင်ပါတယ်..
🍎🍎🍎🍎🍎🍎🍎
ဒယ်ဒီ..အစည်းဝေးလုပ်နေတယ့်အခန်းထဲအပြေးလေး၀င်လာကာခါးတွေကိုဖက်တွယ်လာတယ့်မိန်းကလေးကြောင့်ဦးမင်းနန္ဒကျော်တစ်ယောက်သိပ်ကိုပျော်ရွှင်သွားရသည်..
အခန်းထဲကလူတစ်ချို့ကိုအချက်ပေးလိုက်တာကြောင့်လူတစ်စုဟာလည်းအလျိုလျိုထွက်သွားကြလေသည်..
ဒယ်ဒီ့သမီးလေး..
ဒယ်ဒီ့ကိုနဒီအရမ်းလွမ်းနေတာသိလား..
ဒယ်ဒီလည်းလွမ်းပါတယ်သမီးရယ်..
ဟုတ်လို့လားဒယ်ဒီ့အလုပ်တွေနဲ့ဒယ်ဒီရှုပ်နေပြီးတော့..ခုတောင်ဘဲမအားဘူးမှလား..
မအားဘူးလေဒါပေမယ့်ဒယ်ဒီ့သမီးလေးရောက်လာတော့အလုပ်တွေကိုဖယ်လိုက်ပြီလေ..
ဒယ်ဒီအလုပ်တွေကိုဘဲမဲလုပ်နေတာဘာလဲ..ဆေးပေးမီးယူရှာမလို့လား..
အွန်းဒယ်ဒီBabyလေးရှာရမလားလို့..
နဒီရှာပေးရမလားဒယ်ဒီ..
ဟားဟားဟား
သမီးကဒယ်ဒီ့ကိုမနှမြောဘူးကိုးကွ..နဒီဒယ်ဒီ့ကိုသနားတယ်မာမီဆုံးပြီးကတည်းကနဒီ့အတွက်ဒယ်ဒီ့ဘ၀ကြီးကိုမြှုပ်နှံထားရတာ..ဒယ်ဒီပျော်မယ်ဆိုမာမီသေးသေးလေးရှာပေးမယ်..
ဒယ်ဒီကသမီးရှိနေပြီဘဲဒါတွေမလိုပါဘူး..
ဘယ်ဟုတ်မလည်းအချိန်တန်လို့နဒီအိမ်ထောင်ကျသွားရင်ဒယ်ဒီတစ်ယောက်တည်းအထီးကျန်နေမှာစိုးလို့..
သမီးကအိမ်ထောင်ပြုအုံးမှာလား..
ဖူးစာပါလာရင်ရှောင်လို့မရဘူးလေဒယ်ဒီ..
သမီးဖူးစာကဘယ်သူလည်းဒယ်ဒီတွေးမိသလိုဘဲ
ဟီး..ဒါတွေထားပါနဒီမြို့ပတ်ချင်တယ်ကားသော့ပေး..
ဒယ်ဒီကသူမအကြောင်းသိသူမို့ရှက်ပြုံးလေးပြုံးရင်းသာစကားလမ်းကြောင်းလွှဲလိုက်မိသည်
ရောက်ရောက်ချင်းကိုသမီးရာနားပါအုံး
ဟင့်အင်းနဒီလေညှင်းခံရင်းကားပတ်မောင်းချင်တယ်..
ကောင်းပါပြီဗျာ..ဒါပေမယ့့်သမီးတစ်ခုတော့ရှိတယ်..
ဘာလဲဒယ်ဒီ..
မာန်စစ်အိမ်တော်ဘက်တော့မရောက်အောင်မောင်းနော်
ဒယ်ဒီကလည်း..
သမီးသွားရကျိုးမနပ်မှာစိုးလို့ပါမာန်စစ်လားရှိုးမှာမရှိဘူး..
ဟင်တကယ်လားဒယ်ဒီ..
သမီးမသိဘူးလားသမီးနဲ့မာန်စစ်အဆက်သွယ်မရဘူးလား
ဟုတ်တယ်ဒယ်ဒီမာန်နဲ့အဆက်သွယ်မရဘူး..
မာန်စစ်ပြီးခဲ့တယ့့်အခေါက်ကဒဏ်ရာရသေးတယ်..
အရမ်းများလားဒယ်ဒီဘယ်လိုဖြစ်တာလဲ..
အရမ်းစိတ်မပူပါနဲ့သူအခုနေပြန်ကောင်းနေပါပြီနောက်လ၂ရက်နေ့ဒီကိုပြန်လာလိမ့်မယ်..
၁၅ရက်တောင်လိုသေးတာပေါ့..
ခဏပါသမီးရယ်..မာန်စစ်လာမှသမီးသွားချင်တယ့့်နေရာတွေမှတ်ထားပြီးပို့ခိုင်းလိုက်တော့..ခုတော့သမီးတစ်ယောက်ထဲလည်နှင့်အုံးဒယ်ဒီကားသော့သွားယူအုံးမယ်..
ဟိုတော်ပြီဒယ်ဒီ..
ဟမ်ဘာကိုလည်းသမီး..
နဒီပင်ပန်းနေလို့နားတော့မယ်..
သမီးဘဲလေညှင်းခံရင်းကားပတ်မောင်းချင်တယ်ဆို..ဒယ်ဒီအစောင့်တွေထည့့်ပေးမယ်လေ..
မဟုတ်ဘူးဒယ်ဒီ..မသွားချင်တော့လို့နဒီရေချိုးပြီးနားလိုက်အုံးမယ်..ပြီးမှdinnerတူတူစားတော့မယ်..
သမီးသဘောပါ..
ထွက်သွားတယ့့်သမီးကျောပြင်လေးကိုကြည့်ရင်းသူခပ်ရေးရေးပြုံးလိုက်မိသည်..
မာန်စစ်မရှိတာနဲ့သမီးကချက်ချင်းဘယ်မှမသွားတော့ဘူးဖြစ်သွားတာကိုတွေးမိသည်..
သူသမီးကိုအရိပ်တကြည့်ကြည့်နဲ့မှန်လိုကြည့်နေတာမို့သမီးရဲ့မာန်စစ်အပေါ်ထားတယ့်စိတ်ကိုလည်းသိသည်ကြောင့်..
သမီးကျောင်းပြီးတာနဲ့မာန်စစ်နဲ့ပေးစားပြီးလုပ်ငန်းအားလုံးကိုလွှဲပေးပြီးဒီလောကကအနားယူမည်ဟုတွေးထားမိသည်..
🍎🍎🍎🍎🍎🍎🍎🍎
Author...Lwin

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
Part-26
Start from the beginning