ဒီလိုအထီးကျန်နေခဲ့ကာဒယ်ဒီနဲ့ဝေးရာမှာနေနေရတာသူမ၅တန်းလောက်ကတည်းကမို့ခုဆို(၈)နှစ်လောက်ရှိနေပြီပင်..
ဒီနှစ်တော့ဒယ်ဒီ့စီပြန်ဖို့တောင်းဆိုထားကာဒယ်ဒီကိုယ်တိုင်ကလည်းခွင့်ပြုထားသည်မို့သူမအတော်လေးပျော်နေမိသည်..သူမကအရာရာမှာကံမကောင်းတယ့်သူပင်..
မာန်နဲ့ပတ်သတ်ပြီးလည်းသူမကကံမကောင်းသလိုဒယ်ဒီနဲ့လည်းအတူမရှိနေရနဲ့ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင်သူမကကံကိုမကောင်းတာပေ..
သူမမာန့်ကိုမေ့နိုင်အောင်ကြိုးစားရမည်..ဒယ်ဒီစိတ်ချမ်းသာအောင်သူမနေဖို့ကြိုးစားတော့မည်..
မာန်ကိုယ်တိုင်လည်းကျောင်းရောအိမ်ပါပြောင်းသွားပြီကြောင့်သူမမေ့ဖိူ့သာကြိုးစားရမည်..
ဒယ်ဒီကသူမကိုနိုင်ငံခြားမှာကျောင်းသွားတက်ဖို့စီစဥ်ပြီးနေပြီကြောင့်ဒယ်ဒီနဲ့တွေ့ပြီးသူမနိုင်ငံခြားကိုသွားရတော့မှာပင်..
ဒယ်ဒီနဲ့မတွေ့ဖြစ်တာ၈နှစ်တောင်ကြာခဲ့ပြီပင်..လုံခြုံရေးအရဆိုတယ့်စကားတွေနဲ့ဖုန်းကို၃၊၄လနေမှတစ်ခါသာပြောဖြစ်သည်..ဒယ်ဒီတွေ့ရင်သူမကိုမှတ်မိပါ့မလား..မာမီနဲ့တူတယ်လို့ပြောမလား..ဒါမှမဟုတ်သူမကိုဒယ်ဒီကသူနဲ့တူတယ်ဆိုပြီးပြောမလား..သူမအတွေးတွေထဲနစ်မြောနေမိသည်
သူမလည်းမာန့်ကိုလွမ်းတယ့်စိတ်နဲ့မာန့်အကြောင်းအတွေးနေတာကိုဖျောက်ကာဒယ်ဒီနဲ့တွေ့ရဖို့သာတွေးပြီးရင်ခုန်ရင်းမျက်၀န်းလေးတွေမှေးစက်ကာအိပ်ပျော်အောင်အိပ်လိုက်တော့သည်..
🍎🍎🍎🍎🍎🍎🍎
သူမရောက်ရောက်ချင်းကားရှေ့ရောက်လာတယ့်ကားတန်းကြောင့်သူမမှင်သက်သွားရသည်..ရုပ်ရှင်ဆန်ဆန်ဒီလူတစ်စုကဘာတွေလည်းလို့လည်းသူမတွေးမိရတယ်ကားပေါ်ကဆင်းလာတယ့်သူဟာသူမနှလုံးသားထဲထိစွဲမြဲနေရတယ့်လူသားတစ်ယောက်မာန်..မာန့်ဘေးမှာတော့သူမရဲ့ဒယ်ဒီ..
ဒယ်ဒီ!
သူမခေါ်ရင်းအနားပြေးသွားကာဒယ်ဒီ့ရင်ခွင်ထဲတိုး၀င်မိလိုက်သည်..
မာန်ကတော့သူမကိုမမှတ်မိတာလားဒါမှမဟုတ်မသိချင်ဆောင်နေခဲ့တာလားမသိကန်ရေပြင်လိုတည်ငြိမ်နေတယ့်မျက်နှာထားနဲ့သာ
🌸🌸
ဒယ်ဒီ..နဒီလေဒယ်ဒီ့ကိုအရမ်းလွမ်းနေခဲ့တာ..

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
Part-27
Start from the beginning