သားသဘောပါဘဲ
ကျွီ..
ထိုအခိုက်တံခါးဖွင့်သံကြောင့်သူတို့၄ယောက်လုံးခါးတွေမတ်သွားကာခွဲခန်းပေါက်ကဆရာမထံအကြည့်တို့စုအုံသွားခိုက်
မှုံနံ့သာရဲ့လူနာရှင်ရှိပါသလား
ဟုတ်ကဲ့ကျနော်ပါမမ..မမအခြေနေဘယ်လိုရှိလဲ
အဆင်ပြေပါတယ်ကျည်ကရှပ်ထိမိသွားတာမို့အသက်အန္တရာယ်ကနေတော့ကင်းလွတ်သွားပါပြီ..
အခန်းထဲပြောင်းပြီးသတိရလာမယ့်အချိန်ကိုစောင့်ရုံပါဘဲ.
သူသူနာပြုမလေးထွက်သွားတော့နံရံကိုလက်ထောက်ကာမျက်ရည်တို့ကိုစီးကျခွင့်ပေးလိုက်သည်..
မမအဆင်ပြေတယ်တယ့်လား..၀မ်းသာလိုက်တာ..
နဒီ့ကျေးဇူးကြောင့်ဟုပြောရမလားနဒီကသူ့အဖေလက်ကိုဆွဲလိုက်တာမို့ဦးမင်းနန္ဒကျော်ပြစ်မှတ်လွဲသွားပုံမဟုတ်ရင်သူ့လို၀ါရင့်လူတစ်ယောက်ကပြစ်မှတ်လွဲစရာအကြောင်းတော့မရှိ..
သူပြစ်လိုက်တယ့်ကျည်ကမရည်ရွယ်ဘဲနဒီကိုထိခိုက်မိသွားတယ့်အတွက်တကယ်ကိုစိတ်မကောင်းဖြစ်မိသည်..
နဒီကိုသူ့နှလုံးသားကချစ်သူတစ်ယောက်အနေနဲ့လက်မခံနိုင်ပေမယ့်မမပြီးရင်နဒီဟာသူ့အပေါ်မှာကောင်းပေးနိုင်ဆုံးသူစိမ်းမိန်းကလေးပင်..
ခွဲခန်းဘက်ကိုတစ်ချက်စောင်းငဲ့ကြည့်ရင်း
နင့်ကိုအန္တရာယ်ကင်းကင်းနဲ့ခွဲစိတ်မှုအောင်မြင်စေချင်တယ်နဒီဒါငါ့ရဲ့စိတ်ရင်းပါ..
~~~~~
နဒီရောမမပါခွဲစိတ်မှုအောင်မြင်ခဲ့ကြပေမယ့်ခုထက်ထိသတိရမလာခဲ့ကြသေးပေ..၂ရက်ဆိုတယ့်အချိန်တစ်ခုကိုကုန်လွန်သွားသည့်တိုင်သူမတို့၂ဦးစလုံးဟာအပူပင်ကင်းမဲ့စွာခုတင်ထက်မှာမေ့မြောနေဆဲပင်..
ခုဆိုရင်ဒယ်ဒီနဲ့ဒေါ်လေးလည်းလာရှိုးကိုရောက်နေကြသည်ပင်..
သူတို့အားလုံးသူမကိုကိုမာမ၀င်သွားဖို့သာဆုတောင်းနေမိသည်..ဒဏ်ရာထင်သလောက်မပြင်းထန်ပေမယ့်သူမကဘာ့ကြောင့်မြန်းဒီလောက်ထိအိပ်စက်နေရတာလဲသူမသိတော့
နေ့တိုင်းသူမနားမှာနေရင်းလွမ်းတယ့်စိတ်ကြောင့်ငိုရလွန်းလို့သူ့မျက်ရည်တွေလည်းကုန်ပြီထင်ပါတယ်..
ယောကျာ်းတစ်ယောက်ဟာမျက်ရည်ကျရင်ပျော့ညံ့သည်တယ့်လား..ဒါဆိုရင်တော့သူဟာမမနဲ့ပတ်သတ်ရင်ပျော့ညံ့တယ့်ယောကျာ်းတစ်ယောက်အဖြစ်အမြဲရှိနေအုံးမှာပင်..
မမရဲ့ဒေါ်လေးကတော့ညစဥ်ညတိုင်းမမဘေးမှာထိုင်ပြီးမမနေ့စဥ်ပြုလုပ်လေ့ရှိတယ့်မာလာရေစင်ကပ်လှူတာနဲ့ပဌာန်းပူဇော်တာကိုရက်မပြတ်ပြုလုပ်ပေးခဲ့သည်..ဒါတောင်သူ့မမကဘာလို့ခုထက်ထိအိပ်စက်နေသေးရတာလဲသူတကယ်မသဲကွဲ..
သူစားပွဲပေါ်ကပဌာန်းစာအုပ်ကလေးကိုကြည့်ရင်းအတွေးတွေလွင့်မြောနေရသည်ပြီးမှသူမနဲ့ပြည်ဘက်ကဘုရားမှာပြောခဲ့တာကိုသတိရမိသွားရသည်..
သူမနဲ့သူ့ပုံရိပ်တွေကိုပြန်မြင်ယောင်ရင်းသူ့အတွေးတွေထဲမှာသူမနဲ့သူဘုရားရင်ပြင်တော်ပေါ်မှာပြောခဲ့တယ့့်စကားတွေနဲ့အတူသူ့အာရုံထဲမှာ၀ိုးတ၀ါးမှတ်ဥာဏ်တွေကိုခပ်ရေးရေးသတိပေါ်လာခဲ့သည်..
ဘာသာမဲ့လို့ခံယူထားပေမယ့့်လည်းသူမကိုပြန်ရဖို့ဘယ်နည်းမဆိုသူသုံးကြည့်ချင်မိသည်..
ရေနစ်နေချိန်မှာကောက်ရိုးတစ်မျှင်ကိုကစဆုတ်ကိုင်မိသလိုကူကယ်ရာမဲ့နေတယ့့်သူ့အဖြစ်ကိုပြန်တွေးမိရင်ရင်နာရသည်..သူနောက်ဆုံးအနေနဲ့သူမပြောခဲ့ဖူးတယ့့်နည်းလမ်းလေးကိုအသုံးပြုဖို့စဥ်းစားလိုက်မိသည်..
သူမအပေါ်မှာထားတယ့့်သူ့အချစ်တွေကိုသူယုံတာမို့ဒီနည်းလမ်းကိုသာသုံးကြည့်ဖို့သူဆုံးဖြတ်လိုက်သည်..
သူမကသူ့အတွက်အရာရာပါသူမသာသူ့စီပြန်လာမယ်ဆိုသူဘာဘဲလုပ်ရလုပ်ရပါ..သူမကအဲ့လောက်ထိကိုသူ့ဘ၀အတွက်အရေးပါတယ့့်သူတစ်ယောက်ပင်
သူမနှဖူးလေးကိုဖိကပ်နမ်းရင်း
ချစ်တယ်မမ!
မောင့်စီကိုအန္တရာယ်ကင်းကင်းပြန်လာရမယ်နော်..
🍎🍎🍎🍎🍎🍎🍎🍎
Author...Lwin

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
Part-36
Start from the beginning