ခုဆိုသူမတို့ရဲ့ဘ၀လေးကအေးချမ်းသာယာကာအတော်လေးလည်းတည်ငြိမ်စပြုနေပါပြီ..နဒီကတော့ခုထက်ထိသတိလစ်မေ့မြောနေကာဦးမင်းနန္ဒကျော်တစ်ယောက်သမီးဖြစ်သူစိတ်နဲ့ဘဲမအိပ်နိုင်မစားနိုင်ဖြစ်ကာကျန်းမာရေးထိခိုက်လာပြီးလွန်ခဲ့တယ့်လကဘဲဆုံးပါးသွားခဲ့လေသည်..
သူမနဲ့မာန်ကလည်းလက်ထပ်ပြီးပြီဖြစ်သလိုခုဆိုရင်သာယာတယ့်အိမ်ထောင်ရေးလေးကိုအတူတူတည်ဆောက်ထားကြပြီးပြီပင်
မာန်ကသူမကိုထင်မထားတတ်လောက်အောင်ချစ်ပြီးအလိုလည်းလိုက်သည်..ဒေါသကြီးစိတ်တိုတတ်တဲ့မာန်ဟာသူမကိုဆိုရင်စိတ်ရှည်လက်ရှည်နဲ့သည်းခံတတ်သည်..
မာန်ကသူဖြစ်ချင်တာထပ်သူမဖြစ်ချင်တာကိုဦးစားပေးတတ်လာသလိုအရာရာမှာလည်းသူမစိတ်တိုင်းကျစီမံခွင့်ပေးထားသည်..
ဒေါ်လေးကရာသက်ပန်တရားစခန်း၀င်သွားတာကြောင့်သူမလည်းရာသီဥတုသာယာကာနေလို့ထိုင်လို့ကောင့်သည့်လာရှိုးမြို့ကမာန့်အိမ်မှာသာနေဖို့ရွေးချယ်ဖြစ်ခဲ့သည်..
အခါကြီးရက်တွေနဲ့မာန့်နားရက်တွေမှာတော့မာန့်ဖေဖေစီသွားလည်ဖြစ်ကြသည်..
နဒီ့ကိုတော့ကိုမုန်းမာန်နဲ့မော်ကွန်းကတာ၀န်ယူစောင့်ရှောက်ပေးထားကာခုထက်ထိသူမကအပူပင်ကင်းစွာအိပ်စက်နေဆဲပင်..
သူမနဒီ့ကိုသနားမိသည်..နဒီဟာမောင့်အပေါ်မှာသူမထပ်မပိုရင်တောင်မလျော့တယ့်ချစ်ခြင်းတွေနဲ့ချစ်ပေးနိုင်သူပင်..သို့ပေမယ့်နဒီဟာအချစ်ရေးမှာတော့သူမလောက်ကံမကောင်းရှာပေ..တစ်ခါတစ်ခါတော့လည်းသူမကိုသူမအပြစ်ရှိသလိုခံစားရသည်..
သူမအတွေးတွေလွင့်မြောနေစဥ်နောက်ကနေသိုင်းဖက်လာတယ့်လက်တစ်စုံကြောင့်
မောင်!
မမဘာတွေတွေးနေတာလဲ..
ဘာမှမဟုတ်ပါဘူးမောင်ရယ်နဒီ့အကြောင်းတွေးနေတာပါ..
နဒီ!
အင်းမှုံလေနဒီ့ကိုအရမ်းသနားတာဘဲမောင်..
မျက်နှာငယ်လေးနဲ့ပြောလာတယ့်သူမကြောင့်ရင်ခွင်ထဲသိမ်းဖက်လိုက်ရင်း

YOU ARE READING
Please Don't Change S-1
RomanceHappy ending ????? ???????????????????????????????????????????????..???????????????????????????????????????????????????????????????????????????????..??????????????????????????????????????????????????????????????..????????????????????????????????????...
Part-37(final)
Start from the beginning