抖阴社区

                                    

ပြီးခဲ့တာတွေကပြီးသွားပြီဘဲမမရယ်မောင်တို့လည်းဘယ်တတ်နိုင်ပါ့မလဲ..

မနက်ဖြန်မမမွေးနေ့မှာမောင်တို့ဘုရားသွားမယ်အဓိဌာန်ပုတီးစိတ်မယ်..ငှက်ကလေးတွေလွှတ်မယ်ငါးလေးတွေအစားကျွေးမယ်..

သူပြောသမျှကိုရင်ခွင်ထဲကနေမော့ကြည့်နေတယ့်မမက

မောင်မှုံ့မွေးနေ့ကိုမမေ့ဘူးနော်

မောင့်မှာဒီကလေးဆိုးလေးတစ်ယောက်ဘဲရှိတာမောင်မေ့စရာလား..
ကဲပါနောက်တော့မမဘာလုပ်ချင်သေးလဲပြော

နဒီ့စီ၀င်ချင်တယ်..နဒီ့အတွက်လည်းကုသိုလ်တွေလုပ်ချင်တယ်နဒီမြန်မြန်ပြန်ကျန်းမာလာအောင်လို့

မမသဘောပါဗျာ
🌸🌸
သူမနဲ့မောင်မနက်စောစောဘုရားသွားဖြစ်ကြသည်

စတစ်လက်ရှည်အဖြူနဲ့အနီကွက်စိတ်ပုဆိုးကိုအကျအန၀တ်ထားကာကတီပါအနက်ရောင်စီးထားပြီးဆံနွယ်တို့ကိုလည်းဆီလိမ်းကာဖီးသင်ထားသေးသည်

ခြုံငုံကြည့်ရင်တော့မောင်ဟာဒီနေ့မှာသိပ်ကိုခန့်ညားနေကာကြည့်ကောင်းနေသည်မှာအမှန်ပင်..

နှုတ်ခမ်းလေးဆူထော်ရင်းလှေကားထစ်တွေစီကနေဆင်းလာတယ့်မမကကလေးတစ်ယောက်လိုအပြစ်ကင်းကာချစ်စရာသိပ်ကောင်းလှသည်..

ဒူးကွေးလောက်ရောက်နေတယ့်ဆံနွယ်ရှည်တွေကိုဖြန့်ချထားကာမြန်မာ၀တ်စုံအနီရဲရဲလေးနဲ့သူမကဖြူနုတယ့်အသားရေကြောင့်မျက်လုံးထဲမှာတော့ထင်းထင်းရှင်းရှင်းနဲ့ပွင့်သစ်စနှင်းဆီနီတစ်ဖို့လိုလှသွေးကြွယ်နေလေသည်..

ငေးကြည့်နေရင်းရှေ့တည့်တည့်ရောက်လာတယ့်မမကြောင့်ခါးလေးကသိမ်းဖက်ရင်း

ဘာတွေအလိုမကျလို့ဒီနှုတ်ခမ်းလေးကဆူထော်နေရတာလဲမောင်အသဲယားလာပြီ

အသဲယားရင်ရင်ဘက်ကြီးကိုခွဲပြီးကုတ်

ဟောဗျာဘာတွေအလိုမကျပြီးမောင့်ကိုမကျေနပ်နေရတာလဲ

ချောနေလို့ဘုရားသွားတာအဲ့လောက်ပြင်ဖို့လိုလို့လား

​​ေဩာ်..ဟွန့်!

You've reached the end of published parts.

? Last updated: Feb 01 ?

Add this story to your Library to get notified about new parts!

Please Don't Change S-1Where stories live. Discover now