Please Don't Change
အပိုင်း-၅
မမ
ပြောလေမာန်..
အဖြူစိမ်းနဲ့ဆံနွယ်ရှည်တွေကို၂ဖက်ခွဲကျစ်ထားတယ့်သူ့မမကရင့်ကျက်တယ့်ပုံစံနဲ့ကျက်သရေရှိပြီးတစ်စိမ့်စိမ့်ကြည့်နေရင်တောင်အပြစ်တွေ့နိုင်မည်မဟုတ်သည်ထိပြည့်စုံလွန်းလှသည်..
သူ့ထက်အသက်၁နှစ်သာကြီးပေမယ့်သူ့ထက်ပိုပြီးရင့်ကျက်ကာလူကြီးဆန်လှသည်..
မာန့်ပြောစရာရှိတယ်ဆို..
သြော်အင်း..
သူမကိုငေးကြည့်နေရင်းပြောမယ့်စကားတွေမေ့နေကာသူမပြောမှသတိ၀င်လာပြီးသူ့ကိုသူလည်းပြုံးနေမိသည်..
သူမကသံလိုက်တစ်ခုလိုသူ့ကိုဆွဲငင်နေပြီးသူ့မရဲ့လပြည့်၀န်းလိုအေးချမ်းတယ့်မျက်နှာလေးကသူ့နှလုံးသားတစ်ခုလုံးကိုကိုင်လှုပ်နိုင်ခဲ့တာပင်
မမကျနော်လေဒီလိုလေးသဘောကျတယ်..ကျောင်းသွားကျောင်းပြန်အမြဲဒီလိုလေးရှိနေချင်တယ်..
ငါလည်းဒီလိုလေးပျော်ပါတယ်..
မမ..ကျနော့်ကိုဖေဖေကအဆောင်ပို့မှာတယ့်..ကျနော်မမနဲ့မခွဲနိုင်ဘူး..
ခြေလှမ်းတွေရပ်ကာမျက်နှာလေးငြှိုးငယ်ကာပြောလာတယ့်မာန့်ကြောင့်သူမလည်းခြေလှမ်းတွေကိုရပ်တန့်ကာစက်ဘီးလက်ကိုင်ပေါ်ကမာန့်လက်တွေကိုအုပ်ကိုင်လိုက်ပြီး
ငါနင့်ကိုအမြဲလွမ်းနေတော့မှာဘဲမာန်
သူ့လက်တွေကိုအုပ်ကိုင်လာတယ့်နွေးထွေးတယ့်လက်တစ်စုံကြောင့်သူမလက်ကလေးတွေကိုပြန်အုပ်ကိုင်ရင်းသူမမျက်၀န်းလေးတွေကိုစိုက်ကြည့်ကာ
ကျနော်မသွားလိုက်ရင်ရောမမ
ဘယ်ဖြစ်မလဲမာန်..ဦးလေးစိတ်ဆင်းရဲမှာပေါ့..ဦးလေးနဲ့နင့်ကိုထပ်ပြီးပြဿနာတွေမဖြစ်စေချင်တော့ဘူး..
ကျနော်မှမမနဲ့မခွဲနိုင်တာ
တစ်နှစ်ပါဘဲမာန်ရယ်..နင့်ကိုငါအကောင်းဆုံးတွေဘဲဖြစ်စေချင်တယ်..ရပ်ကွက်ထဲကလူတွေအမြင်ကိုပြောင်းလဲပြစ်လိုက်ပါမာန်ရယ်..နင့်ကိုအထင်သေးနေတယ့်လူတွေကိုအနိုင်ယူစေချင်တယ်
ကျနော်တစ်နှစ်ထဲနဲ့အောင်အောင်ကြိုးစားမယ်..မမကတိတစ်ခုဘဲပေး
အင်းပြောလေမာန်..
ကျနော်ကိုအမြဲသတိရနေပေးပြီးကျနော်ရှိနေသလိုဘဲဘယ်ယောကျာ်းလေးမှအနားအကပ်မခံဘဲစာကိုဘဲကြိုးစားပါ့မယ်လို့
အင်းပါမာန်ရယ်စိတ်ချပါ..ငါ့ဘ၀မှာလေယောကျာ်းလေးသူစိမ်းဆိုလို့ပတ်သတ်ဖူးတာနင်တစ်ယောက်တည်းပါ..အဲ့ကတိကိုငါအသက်ရှင်နေသမျှကာလပတ်လုံးထိန်းသိမ်းသွားပါ့မယ်..
မာန်ချစ်ရသူစကားကြောင့်နှလုံးသားတစ်ခုလုံးနွေးထွေးသွားရသည်..
သူ့ရဲ့အေးစက်နေတယ့်နှလုံးသားနဲ့ဘ၀ထဲမှာတော့သူမကသိပ်ကိုနွေးထွေးလွန်းတယ့်နေရောင်ခြည်လေးပါဘဲ..
🍎🍎🍎🍎🍎🍎🍎
ဒီတစ်ပတ်ထဲမှာစာမေးပွဲရှိတယ်နော်စာတွေကရကြပြီလား!
ဟုတ်ကဲ့ရပါပြီဆရာမ.!
မနက်ခင်းရဲ့စာသင်ခန်းလေးထဲမှာတော့အတန်းပိုင်ဆရာမရဲ့စကားသံနဲ့စတင်ကာ..ကျောင်းသားတွေရဲ့ညီညာစွာပြန်ဖြေလာတယ့်စကားသံတွေနဲ့အတန်းလေးထဲမှာတစ်နေ့တာကိုအစပြုခဲ့သည်
မာန်မင်းစာတွေရပြီလား..
အင်းမဆိုးပါဘူး..
အင်းပေါ့မင်းကမင်းမမရှိတာကိုး
မဆိုင်ပါဘူးကွာ..ဒီတစ်ပတ်ငါ1 to 3၀င်စေရမယ်
ကောင်းလှချည်လား..
သူ့စကားကိုနန္ဒတို့စနောက်ကာပြန်ဖြေလိုက်လေသည်..
🌸🌸
ညနေကျောင်းဆင်းချိန်မှာတော့သူမနဲ့တစ်မိနစ်ဘဲအတူရှိချိန်လေးပိုရရစက်ဘီးမစီးဘဲတွန်းရင်းသာပြန်လာဖြစ်သည်..
ကုက္ကိုတန်းလေးတစ်လျှောက်သစ်ရွက်ခြောက်တစ်ချို့ကလမ်းမထက်ပြန်ကျဲနေကသဘာ၀အလှတရားကပန်းချီကားတစ်ချက်ပမာ...
မမ..
ပြောလေမာန်..
ကျနော်လေဒီတစ်ပတ်စာမေးပွဲကနေစပြီးကြိုးစားမယ်သိလား..ကျနော့်ကြောင့်မမကိုစိတ်မညစ်စေရဘူး..
သူမမာန့်စကားကြားတော့ရင်ထဲကြည်းနူးကာခပ်ပြုံးပြုံးနဲ့သာနားထောင်နေတော့
မမကျနော်စကားအကောင်းပြောနေတာကိုတစ်ခုခုတော့ပြန်ပြောပါအုံး
မာန်!
ပြောလေမမ..
ပြောမပြတတ်လောက်အောင်၀မ်းသာတယ်ဆိုတာကြားဖူးတယ်မဟုတ်လား
အင်း.
သူမအပြောကိုချစ်ရသူမာန်ကတော့ထိုတစ်ခွန်းနဲ့သာတုံ့ပြန်မှုပြုတော့
ဟင်း..ခုလည်းအဲ့လိုပေါ့မာန့်စကားကြောင့်ငါ့ရင်ထဲကြည်နူးသွားပြီးဘာပြန်ပြောရမှန်းမသိလောက်တယ့်ထိ၀မ်းသာနေတာ
တကယ်ကြီးလား
အင်း..
သူမမာန့်အမေးကိုထိုတစ်ခွန်းသာဖြေပြီးမျက်နှာကိုတစ်ဖက်လွှဲလိုက်ပေမယ့်ရှက်စိတ်ကြောင့်ရဲတက်လာတယ့်နားရွက်ဖျားလေးတွေကတော့ဖုံးကွယ်၍မရခဲ့..
🍎🍎🍎🍎🍎🍎🍎
စာမေးပွဲအတွက်ခုံတွေစီရင်းအခန်းသန့်ရှင်းရေးလုပ်ရမှာမို့သူမတို့စာမသင်ဖြစ်ခဲ့..
တံမြက်စည်းလေးကိုင်ကာမှုံထွက်လာရင်းခုံတွေသယ်နေတယ့်မာန်နဲ့တွေ့တော့သူမမသိသလိုလေးရှောင်ထွက်ပေမယ့်လက်ကိုမိမိရရဖမ်းဆုတ်လာတယ့်မာန့်ကြောင့်
မာန်..လွှတ်ပါသူများတွေမြင်ကုန်မယ်..
မြင်မြင်ပေါ့..
မာန်ကလည်းငါနဲ့နင်ချစ်သူတွေဖြစ်နေတာကိုဘယ်သူ့မှမသိစေချင်ဘူး
ဘာလို့လည်း..ကျုပ်ကိုခင်ဗျားကလူသိမခံဘဲတွဲချင်တာလား..ဟိုကောင်ရှိုင်းထက်ကြောင့်လား!
မာန့်!
ကျုပ်ကိုလာမအော်နဲ့မှုံနံ့သာ!
သူ့ရဲ့စွပ်စွဲချက်တွေကတစ်ဖက်သက်ရောက်လွန်းတယ့်ခါသူမသိက္ခာကိုထိပါးလာသည်မို့ပြန်ပြောမိတော့အမိန့်တွေနဲ့သူမစကားတွေကိုအသိမှတ်မပြုငြင်းပယ်ခဲ့တယ့်မာန်..
သူမမာန့်ကိုမျက်ရည်လေးဝေ့နေတယ့်မျက်၀န်းလေးတွေနဲ့ကြည့်ကာလက်ကလေးကိုရုန်းရင်းနေရာကနေထွက်လာခဲ့လိုက်သည်..
မာန်သူလွန်မှန်းသိတာမို့ထွက်သွားတယ့်ကျောပြင်လေးကိုကြည့်ရင်း
ကျစ်!
ကျစ်တစ်ချက်သပ်ကာဆံပင်တွေးကိုလက်ငါးချောင်းနဲ့ထိုးဖွပြီးသူမနောက်ကလိုက်လာခဲ့လိုက်သည်..
သူမရည်ရွယ်ဘဲသူမကိုမျက်ရည်ကျစေခဲ့မိပြီပင်..
🍎🍎🍎🍎🍎🍎🍎
Author...Lwin