အခန်း (၂) - သခင့်ကြွက်သားတွေကိုသိပ်သဘောကျတယ် ။
ထုထုတစ်လမ်းလုံးမှိန်းပြီးလိုက်လာပါတယ် ။ အထူးသဖြင့် သံလှောင်အိမ်လေးပေါ်အကြာကြီးနေရလို့နာကျင်နေတဲ့သူ့ခြေထောက်လေးတွေကအရမ်းနေလို့ကောင်းလာတယ် ။ သခင်က ထူပွနေတဲ့ အမွှေးတွေကိုဖယ်ပြီး သူ့ခြေဖဝါးလေးတွေကို သေချာကြည့်တယ် ။ အုအု...ထုထုမှ
ဒါဏ်ရာရှိနေတာသခင်မြင်တယ်မလားနော် ။
ထုထုကသိပ်သနားစရာကောင်းတဲ့ယုန်လုံးလေးပါ ။သည်လိုနဲ့ထုထုအိမ်အကြီးကြီးထဲရောက်လာခဲ့တယ် ။ အခန်းတွေအများကြီးရှိတဲ့အထဲမှာမှ အနက်ရောင်တံခါးနဲ့အခန်းထဲသခင်ကဝင်လာခဲ့တယ် ။ တံခါးကနက်စွေးနေပေမဲ့အခန်းနံရံကစလို့ အသုံးအဆောင်တွေအကုန်ဖြူစွတ်နေတာပဲ ။ ထုထုက နို့ကော်ဖီရောင်လေးဆိုတော့ တစ်ကောင်ထဲကွက်အညိုစင်လေးဖြစ်နေတာပေါ့နော် ။ သခင်ကသူ့ကိုမွေ့ယာခင်းပေါ်ချပေးတယ် ။ ပြီးတော့ဆေးသေတ္တာဘူးယူလာပြီး ထုထုတစ်ကိုယ်လုံးကိုရေမှုန်တွေဖြန်းနေတော့တာပဲ ။ ကြည့်ရတာထုထုကိုယ်ပေါ်ပိုးတွေမလာအောင်ဖြစ်မယ် ။
သခင်က စိုစွတ်တဲ့အဝတ်စလေးနဲ့ခြေထောက်ကိုသုတ်ပေးပြန်တယ် ။ ထုထုချမ်းလာတော့ သခင်ကပွေ့ဖက်ထားပြီး တစ်ကိုယ်လုံးခြောက်သွေ့သွားအောင်ပြန်လုပ်ပေးပါတယ် ။ ထုထုမွှေးမွှေးလေးနဲ့လုံးလုံးလေးဖြစ်သွားပြီ ။
သခင်ကဒါဏ်ရာကိုဆေးမထည့်ခင် ရှည်ထွက်နေတဲ့အမွှေးတွေညှပ်ပေးတယ် ။ ထုထုမှန်လို့ခေါ်တဲ့ဟာကြီးကိုကြည့်ချင်လိုက်တာ ။ ဒါပေမဲ့သခင့်အခန်းထဲ မှန်နဲ့တူတာမတွေ့ရဘူး ။ သခင် ဆေးစည်းပေးနေတဲ့အချိန်မှာပဲ တံခါးခေါက်သံထွက်ပေါ်လာတယ် ။
"ခေါင်းဆောင်မှာထားတဲ့ယုန်စာတွေလာပို့ပေးတာပါ "
"ဝင်လာခဲ့ "
ထုထုစိတ်လှုပ်ရှားသွားပြီး ဆေးထည့်နေတာကိုမေ့သွားတယ် ။ ထရပ်လိုက်တဲ့သူ့ကို သခင်ကခါးကနေပြန်ဖိချထားတယ် ။
ဟွန့် ထုထုအတွက်ဆို ။
ပတ်တီးဖြူလေးကိုဖဲကြိုးပုံစံစည်းခံထားရတဲ့ခြေထောက်ကိုထုထုငုံ့ကြည့်ပြီး သဘောကျမိတယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg