ရှောင်းကျန့်အိမ်ပြန်ရောက်တော့အစ်မက အခုပ်တွေရှင်းလင်းပေးပြီးတာနဲ့ပြန်သွားတယ် ။
"ရော့ ၊ နင့်ဗိုက်ထဲထည့် ခွေးတွေကြောင်တွေထပ်ကျွေးရင် သေမယ်မှတ် "
"ဟုတ် "
ရှောင်းကျန့် ပိုက်ဆံအလိပ်လိုက်လေးကိုသိမ်းလိုက်ပြီး အစ်မကိုကားလိုက်ငှားပေးလိုက်တယ် ။ ဗိုက်ကြီးတစ်လုံးနဲ့အေးအေးချမ်းချမ်းမနေနိုင်တဲ့အစ်မကိုလည်းသနားလိုက်တာ ။ ကိုယ်ဝန်ဆောင်ရတာခက်ခဲသလိုကလေးမွေးရတာလည်းတကယ်မလွယ်ဘူး ။
နေပါဦး ငါကဘာလို့သိ ။ ရှောင်းကျန့်
ဆူပွပွနဲ့ခေါင်းကြီးငိုက်စိုက်ကာပြန်လာခဲ့တယ် ။ လမ်းထဲကခွေးတွေကလည်းအုပ်လိုက်ကြီးဝိုင်းလာလိုက်တာများ။"မင်းတို့ကိုကျွေးမရဘူး ငါ့အစ်မဆူလိမ့်မယ် "
"အတည်ပြောတာ "ရှောင်းကျန့်ခေါင်းတခါခါနဲ့ခွေးအုပ်ကြားကထွက်လာပြီး မြက်ခြောက်ထုပ်သေးသေးလေးဝယ်လိုက်တယ် ။
"ဟယ် ကောင်လေးပျောက်လှချေလား "
"သားတို့မွေးမြူရေးခြံမီးလောင်လို့လေ ၊ သားလည်း တစ်ရက်နှစ်ရက်ပဲရှိတယ်ထင်တာ မျောနေတာ ကြာပြီတဲ့မီးလောင်သွားတာ "
"ဟယ် ဘုရားရေ ဖြစ်ရလေ ဘယ်လိုဖြစ်တာတုန်း "
"သိပါဘူး ဦးလေးနဲ့မတည့်တဲ့လူတွေရှို့တာတဲ့ "
"ဟယ့်တော် ၊ ကျက်သရေတုန်းတာကိုအဲ့ကောင်က အာကျယ်ကျယ်နဲ့ သူတို့ကတော့ဘာမှမဖြစ်သလို လမ်းသလားနေတာ အေဘေးတွေ "
" သူတို့လည်းတရားရင်ဆိုင်နေကြတာကြာလှပြီ မင်းသာခြေရှည်နေပြီးမသိတာ ၊ နစ်နာကြေးရလိုက်တာတောင်မနည်းဘူး ... သားရောနစ်နာကြေးရလား ၊ ဦးလေးကြားတာတော့သားဆေးကုစရိတ်ရောနစ်နာကြေးရောတော်တော်ရလိုက်တယ် "
"ဘယ်သူနဲ့ဖြစ်တာတဲ့တုန်း "
"ဆန်စက်သူဌေးသားလေ လူငယ်ချင်းချစ်ကြိုက်ကြတာကိုဟိုကသဘောမတူလို့ အဲ့ကောင်လေးလည်း အတော်ဆိုးဆိုးပဲဆေးကြောင်နေလားမသိဘူး "
ရှောင်းကျန့် ယုန်စာထုပ်လေးပိုက်ပြီး နားထောင်
နေလိုက်တယ် ။ ဆေးရုံစရိတ်လည်းအစ်မပဲရှင်းပေးသွားတာ ။ လူနာလည်းအစ်မပဲစောင့်ပေးတာတဲ့ ။ရှောင်းကျန့်ပြန်ရောက်ထဲက လူတွေ့ပေမဲ့တစ်ယောက်မှအဖတ်တောင်မလုပ် ။ လက်ကမီးလောင်ရာတွေကြည့်ပြီးရှောင်းကျန့်သက်ပြင်းချလိုက်တယ် ။ နစ်နာကြေးရလည်း ကုပေးကြမှာမဟုတ်ပါဘူး ။ မမကလည်း ကလေးမွေးတော့မှာမို့သူမပူဆာရက်ဘူး ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg