အခန်း (၄၄) - ထုထုကသခင့်ကိုပဲသဘောကျတာ ။
မနက်ခင်းလေးမှာပေတလူးနေတဲ့ကောင်ငယ်လေးကနိုးလာပါတယ် ။ အရောင်မှုန့်တွေကဖျက်ရခက်တာကြောင့် ကောင်ငယ်လေးမျက်နှာကကာလာစုံနဲ့ ကြင်နာသနားစဖွယ်လေးဖြစ်လို့နေတယ် ။ သူ့ပုံစံက သူဆင်းရဲကောင်လေးလိုမျိုး ဖြစ်နေပေမဲ့ နွေးထွေးလတ်ဆတ်တဲ့အပြုံးလေးက Sean ရဲ့ရတနာကြောကြီးပဲ ။ Alpha တစ်ယောက်သာတူးဖော်ခွင့်ရတဲ့ရတနာကြောလေး ။
Sean က မျက်လုံးတွေပွင့်တာနဲ့မှိန်းမနေဘဲ သူရလာတဲ့အရုပ်လေးကိုဖက်ထားပြီးပြုံးနေတာပဲဖြစ်ပါတယ် ။ Alpha က အသားအရည်သန့်စင်ပေါင်းတင်တဲ့ပစ္စည်းတွေကိုင်ရင်းအခန်းထဲဝင်လာခဲ့တယ် ။
"နိုးပြီလား ကလေး "
"ထုထုနိုးလာတာသခင့်ကိုတွေ့ဘူးနော် ဘာလို့မဖက်ထားပေးတာလဲ "
"ဆောရီး ! ကိုယ် Sean မနိုးခင်လေး ဒါသွားရှာနေတာ "
"ဒါဘာလဲ "
"ပြီးကျရင်သိရမယ် ၊ အခုရေနွေးလေးနဲ့အရင်စိမ်ရအောင် ကိုယ်လည်းရေမချိုးရသေးဘူး "
Alpha ကပြောပြီးသူ့ Shirt ကိုလက်ကြယ်သီးအရင်ဖြုတ်လိုက်တယ် ။ Sean ကတော့ Alpha ရဲ့အဝတ်ပွပွကြီးကို ကြယ်သီးအပြည့်တပ်ဝတ်ထားပေမဲ့ ကြယ်သီးဖြုတ်စရာလိုမနေ ။ ဂါဝန်လောက်ပွနေတဲ့ အင်္ကျီကိုခေါင်းကနေဆွဲချွတ်လိုက်တယ် ။ ပွနေပြီးသားဆံပင်အုပ်က အဝတ်ချွတ်လိုက်လို့ထိမိတာကြောင့်ငှက်သိုက်လေးလိုပိုရှုပ်ထွေးသွားတယ် ။
Sean က သိပ်ချစ်ဖို့ကောင်းနေပါတယ် ။ Alpha က ရယ်လိုက်ပြီး သူ့ကောင်လေးကိုညာဘက်
ပခုံးပေါ်တက်ထိုင်စေလိုက်တယ် ။ ထို့နောက် Alpha က ရေချိုးခန်းထဲဝင်လာခဲ့တယ် ။[ YES ~ ပခုံးတစ်ဖက်ထဲပေါ်လူအကောင်လိုက်ပွေ့တင်ထားတာပါ ကြားဖြတ် AN အတွက်သိတ်မရှိပါနဲ့]
အငွေ့နွေးနွေးထနေတဲ့ရေနွေးလေးက နှစ်ယောက်လုံးကိုပေါ့ပါးသွားအောင် သူ့အနွေးဓာတ်နဲ့ ပြုစုရှာတယ်။ Alpha က ချိုးနေကျအတိုင်းသူ့ကိုယ်ပေါ် Sean ကိုမှီစေပြီး ရေနွေးစိမ်ခဲ့တာပါ ။တင်ပါးလုံးလေးတွေက သူ့ဂုဏ်ရည်နဲ့အံဝင်ဂွင်ကျဖြစ်နေတော့ သူ့မယ် မဖြစ်သင့်တဲ့အရာပေါ်သိပ်ကောင်းနေမိတယ် ။ အံတင်းတင်းကျိတ်ထားရတဲ့ သခင်ရဲ့မျက်နှာတော်ကို Sean ကမမြင် ။ သူ့ရဲ့ ခြေရာပုံဆပ်ပြာမြှုပ်ဘူးကိုနှိပ်ဆော့ရင်း စျေးကြီးပစ္စည်းကိုကောင်းကောင်းဖြုန်းတီးနေတယ်လေ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg