အခန်း (၇၂) - ထုထုရဲ့ကစားနည်းအသစ် ။
Ice ရဲ့အဖြတ်ခံထားရတဲ့အမြီးနေရာကို
ပွတ်ကြည့်ရင်းထုထုစိတ်မကောင်းပါ ။ Ice ရဲ့အမွှေးတွေကိုသူပွေ့ထားရင်း Ice ကိုယ်ကိုလက်ပုတိုလေးတွေနဲ့မှီသလောက်ဖက်ထားတယ် ။ Black က ထုထုနဲ့ Ice ကိုနားမလည်သလိုကြည့်နေရင်း စိတ်ထဲလေးလံနေခဲ့တယ် ။လင်းမြွေက Sky ရဲ့လက်သည်းတွေနဲ့အဖိခံထားရပြီး တလွန့်လွန့်ရုန်းနေခဲ့ရာကနေ မောလာတော့ဆန့်ဆန့်ကြီးသာသေချင်ယောင်ဆောင်နေလိုက်တယ် ။ Ice ကိုတစ်ချက်နမ်းပြီးတာနဲ့ သေချင်ယောင်ဆောင်နေတဲ့လင်းမြွေကိုထုထု ဂျိုင်းမှာညှပ်ပြီးသယ်လာခဲ့ပါတယ် ။ သခင်နဲ့အတူအိမ်ပြန်ရတော့မယ်လေ ။ သခင်က ကလေးတွေကိုပွေ့ထားတယ် ။ထိုအနှောက်အယှက်လေးတွေကိုချီထားရင်းပဲ တလှုပ်လှုပ်လျှောက်လာတဲ့ထုထုကိုလှမ်းကြိုတယ် ။ သခင့်တစ်ကိုယ်လုံးမှာကလေးတွေနဲ့ပြည့်နေတာမို့ ထုထုမူပိုင်သခင့်ပခုံးပေါ်က
စလွယ်လေးပေါ်ခုန်တက်ရတော့တယ် ။ခက်ပါတယ်ညော် ။ သခင့်တစ်ကိုယ်လုံးချီတုံးလေးတွေပြည့်နေတော့ ထုထုမှာဒုက္ခသည်လေးလို ကုပ်ကပ်တွယ်တက်နေရပြီ ။ ရမ်းဆိုးဒဲး ။
🐰
သားအငယ်ဆုံးလေးအတွက် အနွေးထည်သေးသေးလေးချုပ်ပေးနေတဲ့ Alpha ရဲ့ကျောပြင်ကယုန်ကန်ချက်လေးကြောင့်အနည်းငယ် ကုန်းသွားတယ် ။
ထုထုက သူ့သခင်ရဲ့ကျောကိုအားပြုခုန်ပြီး ကိုယ်ဖော့သိုင်းဆော့နေတာပါ ။ လင်းမြွေကိုလည်ပင်းမှာပတ်ပြီး သူ့အဆင်တန်ဆာလိုလည်းအလှဆင်ထားသေး ။
အားပေးတဲ့သူတွေကတော့ သူ့ရဲ့ချီးတုံးလေးတွေ ။ လူဆိုးသရဲမျက်နှာဖုံးလေးတွေနဲ့ မုန်လာဥတွေကိုဓားလိုကိုင်ရင်းအောက်ကစောင့်နေကြတယ် ။
ထုထုစိတ်ပျက်သွားတယ် ။
"အိအိအိအိအိ "
(အဲ့လိုမဟုတ်ဘူးလေ မင်းလေးတို့ကဗီလိန်းးးး
ထုထုကိုလက်ခုပ်မတီးရဘူး ချရမှာ)"အိအိအဲ့"
(ချပေမဲ့ ထုထုပြန်ချရင်မင်းလေးတို့မထိလည်းလဲကျသွားရမယ် ထုထုနိုင်မယ်)ထုထုကရှင်းပြနေပေမဲ့ ဗိုက်မြင်တာနဲ့
အထွေးလေးကနို့စို့ဖို့လိုက်ဖမ်းတော့တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg