အခန်း ( ၃၆) - အလိမ္မာလေးထုထု ။
လင်းမြွေကခွေနေရင်း အလုပ်ရှုပ်နေတဲ့ သူ့သူငယ်ချင်းကိုကြည့်နေပါတယ် ။ ထုထုကတံမြက်စည်းသေးသေးလေးကိုင်ထားပြီးသူ့လှောင်အိမ်သူသန့်ရှင်းနေတယ် ။ ပွနေတဲ့မြက်ခြောက်တွေကိုနေရာတကိပြန်ထည့်ပြီး အရုပ်တွေကိုလည်းတောင်းထဲထည့်သိမ်းတယ် ။
ထုထုသခင့်ကိုယောကျာ်းတော်လို့ရနေပြီလား ။ ကားသံကြားတော့ Sean က ခေါင်းပြေးဖြီးပြီး
သခင့်ကိုထွက်ကြိုဖို့ပြင်လိုက်တယ် ။Alpha ရောက်တဲ့အချိန် ယုန်ထွက်ပေါက်ထဲခေါင်းတစ်နေတဲ့ ကောင်ငယ်လေးကိုတွေ့လိုက်ရတယ် ။
"Sean ဘာလုပ်နေတာလဲ "
"ထုထုမေ့သွားလို့ "
"ဖြစ်ရမယ် "
Alpha က ကောင်ငယ်ခေါင်းကိုအနောက်ပြန်တွန်းပေးလိုက်ပြီး ညပ်နေတာကိုကူညီဖြေရှင်းပေးလိုက်ပါတယ် ။ ကြယ်သီးကိုနေရာတလွဲတပ်ထားတဲ့ Sean က Alpha ရဲ့အဝတ်အစားတွေကိုကူချွတ်ပေးပြီးတိုင်မှာသွားချိတ်တယ် ။ အဝတ်ချွတ်တာတော့ အဆင်ပြေရှာသားပဲ။ Alpha ကစိတ်ထဲကနေချီးကျူးလိုက်တယ် ။
"ထုထု သခင့်အတွက်ပျားရည်ဖျော်ပေးဦးမယ် "
"Sean အရမ်းပင်ပန်းနေမယ် နားဦး "
"သခင်အေးဆေးထိုင်နေ "
ကောင်ငယ်လေးက သူ့ကိုပြန်ဖိချပြီး ဖင်တခါခါနဲ့ထွက်ခွာသွားတော့တယ်။ Alpha က ဖုန်းကိုပွတ်ရင်းစောင့်နေခဲ့ပါတယ် ။ သူသတင်းတစ်ပုဒ်ဖတ်လို့ပြီးတဲ့အချိန်မှာတောင်ယုန်ကပြန်မရောက်လာတော့လိုက်သွားခဲ့တယ် ။ မီးဖိုချောင်မှာ ငုတ်တုတ်လေးထိုင်ရင်းပျားရည်တွေခပ်စားနေတဲ့ Sean ။
"တစ်ဘူးလုံးစားနေတာလား Sean "
ယုန်က ဟီးခနဲ့ရယ်ပြပြီး ဇွန်းကိုလျှာနဲ့လျက်လိုက်တယ် ။ ထိုဇွန်းနဲ့ပဲပျားရည်ခပ်လို့ သူ့သခင်အတွက်ပျားရည်ဖျော်ပေးပါတယ် ။ Alpha က သူ့ကောင်လေးစိတ်ကျေနပ်အောင်သောက်ပြလိုက်ပေမဲ့ အရသာကမဆိုးတာကြောင့်သဘောခွေ့သွားတယ် ။ ပျားရည်ကိုရေနဲ့ခလောက်တာက ဒီအရသာပဲဆိုတာသိပေမဲ့ သူ့ကောင်လေးလုပ်တာဖြစ်နေလို့ ပိုအသိအမှတ်ပြုပေးသင့်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg