အခန်း (၁၀၀) : နဂါးလှေပွဲတော် လုံးလုံးလေးလည်းပျော် ။
အချိန်တွေက အိပဲ့အိပဲ့ကုန်လာခဲ့တာ ကလေးသားလေးပင် သုံးလပြည့်ခဲ့ပြီ ။
* ပွဲတော်ရက်တွေမှာ သူတို့အပန်းဖြေခရီးထွက်ဖို့စီစဥ်လိုက်ကြတယ် ။ အဓိကကတော့
ရှောင်းကျန့်ရဲ့မွေးနေ့လေးရှိနေတယ်လေ ။
မမက ဒီနှစ်မှာတော့ ရှောင်းကျန့်မွေးနေ့လေးကိုအထူးတလည်ကျင်းပပေးချင်ခဲ့တယ် ။ရှောင်းကျန့်ကတော့ ခရီးဆောင်အိတ်တွေကိုပျော်ပျော်ကြီးထုပ်ပိုးနေတာပဲ ။ သူ့ခေါင်းပေါ်မှာလည်း အညိုလုံးဘယ်ကခူးလို့ခူးလာမှန်းမသိတဲ့ပန်းတစ်ပွင့်နဲ့ယုန်မွှေးလေးတွေကပ်နေသေးတယ် ။
ယုန်က သူ့အဖိုးတန်လေး ဖွထားခဲ့သမျှလိုက်ရှင်းရင်း ပွင့်လျက်သားရှိနေတဲ့ဖုန်းလေးဆီကို
အကြည့်ရောက်သွားရပါတယ် ။- abnjwnj abcdefgg hogdofkcu radngilfkcuem -
ယုန်က လွမ်းဆွတ်ကြည်နူးရမည်လား ရယ်ရမည်လားမသေချာစွာနဲ့ ဖုန်းကိုပိတ်လိုက်တော့တယ် ။
ဒါကသူ့အဖိုးတန်လေးပဲဆော့ထားသလား ၊ သားငယ်ပဲခိုးရိုက်ထားတာလား သူမသိလိုက်ပါ ။ယုန်က သူ့အဖိုးတန်ကြင်ယာတော် Sean အတွက် လက်ဆောင်အဖြစ် ပြင်ဆင်ပေးနိုင်တာများများစားစားမရှိဘူး ။ အရင်တုန်းကလိုဆိုရင်တော့ လိုချင်ရာပုံပေးလို့ အလိုလိုက်မိမှာပဲဖစ်တယ် ။ လက်ရှိမှာတော့သူက အိမ်အလုပ်သေးသေးလေးတွေတောင်အတော်အားထုတ်ပြီးကူညီနေရတယ်။
Sean က ဖဲပြားကြိုးနီနီလေးနဲ့ သူ့ကိုယ်သူထုတ်ပိုးပြီး Alpha အတွက်ဂုဏ်ပြုလက်ဆောင်ပေးခဲ့ဖူးတယ် ။ Alpha အတွက်တော့ ဒါမျိုးလေးတွေမလုပ်နိုင်ဘူး ။ သူကတစ်ပွေ့စာယုန်ခန္ဓာကိုယ်ထဲမှာဆိုရင်တောင်ဒါမျိုးကိုတကယ်မလုပ်ရဲသေးဘူး ။
ခရီစထွက်မဲ့နေ့မှာ ရှောင်းကျန့်ကလူကြီးဆန်ဆန်လေးပြင်ဆင်ထားတယ် ။ သူက
အနောက်တိုင်းဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်းဂျယ်နဲ့ပုံသွင်းထားတယ် ။ ယောကျာ်းဆန်တဲ့ရေမွှေးနံ့ကခပ်သင်းသင်းပျံ့လို့ သွယ်လျတဲ့ခြေတံရှည်တွေရဲ့ ယစ်မူးဖွယ်အင်အားကိုပိုတိုးနေစေသလိုပါပဲ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg