အခန်း (၂၇) - ထုထု စာသင် ။
ဖုန်းချပြီးတဲ့နောက် Alpha က သူ့ယုန် Chat ထားတာတွေကိုအောက်ဆွဲချပြီးဖတ်နေတယ် ။
ပုံမှန် မိဘတွေနဲ့ဆက်သွယ်လေ့မရှိပေမဲ့သူ့ယုန်ကြောင့်ဖုန်းကနေတွေ့ဖြစ်တာနှစ်ကြိမ်ရှိခဲ့ပြီ။"Sean... စာဖတ်တတ်တယ်မဟုတ်ဘူးလား ၊ ကိုယ်နံမည်ရွေးပေးတုန်းက Sean ဖတ်တတ်တာသေချာပါတယ် "
ဟုတ်ပါ့သခင်ရယ်ထုထုလည်းအဲ့ဒါတွေးနေတာ ။
Alpha က စာရွက်နဲ့ဘောပင်ကိုယူပြီးစာလုံးအချို့ ရေးချလိုက်တယ် ။
"ဒါကိုဖတ်တတ်လား "
ထုထုကနားလည်ကြောင်းခေါင်းညိတ်ပြလိုက်တယ် ။
"ဖုန်းမှာရေးကြည့် "
ထုထု ခပ်မြန်မြန်ပဲ သခင်ရေးပြတဲ့စာလုံး
လေးလုံးကိုရိုက်လိုက်တယ် ။ ပြီးတော့ Send နှိပ်မလို့ကိုသခင်က လက်ကလေးဆွဲထားတယ် ။
ဟွန့် ။Alpha က စာကြောင်းရှည်ရေးလိုက်တယ် ။
"ဒါရော "
ယုန်ကမှိုင်သွားပြီး ကြောင်ကြည့်ကြည့်လာပါတယ် ။
"ဖုန်းမှာတစ်ချက်ရေးကြည့် "
ယုန်ကဖုန်းမှာရိုက်လိုက်ပြန်တယ် ။ သည်တစ်ခါတော့ယုန်စာပေဖြစ်ကုန်တယ် ။
'vwywjuybwffuvklwyjwnvwunwbywjjugwbjsucjsbjwkkubsuckvsuwjvwhnwhwghbdicknsusnhkwnwjywbkknghshi'
ထုထုသခင်ရေးတာထက်ပိုရေးပေးထားတယ် ။ ထုထုတော်လား ။ယုန်ကမော့ကြည့်လာပြီးမေးငေါ့တော့ Alpha ရယ်လိုက်တယ် ။
"ဒီနေ့ကစပြီး စာသင်ရမယ်နော် "
ထုထုကလွယ်အိတ်ပြေးလွယ်လိုက်တယ် ။ သခင်ကစာအုပ်သေးသေးလေးနဲ့ခဲတံတစ်ချောင်းကိုထိုလွယ်အိတ်ထဲထည့်ပေးခဲ့တယ် ။ ထုထုစာသင်တော့မှာ ။
****
Alpha အလုပ်မခေါ်သွားတဲ့ရက်တွေမှာ ထုထုကသိပ်ပျင်းတာပဲ ။ ထုထုစာကျက်နေတုန်းတံခါးခေါက်သံကြားတော့ အပြေးလေးထသွားလိုက်တယ် ။ ထုထုကလေ Lock ဘုသီးကိုမမှီဘူး ။ တံခါးထပ်ခေါက်လာတော့ ထုထုဆော့ဖို့ဝယ်ပေးထားတဲ့ခုံလေးကိုတွန်းလာပြီး သခင်ဖွင့်သလိုဖွင့်ပေးလိုက်တယ် ။ ဝင်လာတာကလင်းမြွေ ။ ယုန်ကတံခါးဘုမှာတွဲလောင်းလေးချိတ်နေပြီး အောက်ဆင်းဖို့ကြောက်နေတယ် ။ ခုံပေါ်တက်ဖွင့်ပေမဲ့တံခါးကအထဲရွေ့လာတော့ခုံနဲ့လွတ်သွားခဲ့တာလေ ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg