ဘယ်အချိန်အိပ်ပျော်သွားမှန်းသူမသိလိုက်ပေမဲ့
ထူးထူးဆန်းဆန်းအိပ်မက်တွေက ဒီနေ့လည်းဆက်မက်ပြန်ပြီ ။ ဘေးမှာသူ့ကိုစိုက်ကြည့်နေတဲ့ယုန်ကလည်းယခင်တစ်ခေါက်ကလိုပုံမျိုးပဲမို့ ရှောင်းကျန့်စိတ်ထဲအနည်းငယ်ရှုပ်ထွေးသွားတယ် ။"အိပ်မက်မက်တယ် ၊ အိပ်မက်ထဲမှာ တစ်ယောက်ယောက်ကဖက်ထားခဲ့တာ ၊ သူထွက်သွားမှာအရမ်းကြောက်တာပဲ ၊ ကလေးတွေအများကြီးလည်းရှိသေးတယ် ...ရှောင်းကျန့်အပြင်မှာလည်းအဲ့လိုလေးအဖက်ထားခံချင်လိုက်တာ အရမ်းသက်တောင့်သက်သာရှိတာပဲ "
ယုန်ကသူ့ကိုလက်လှမ်းမှီသလောက်ဖက်လာပေး
ခဲ့တယ် ။ ရှောင်းကျန့်အိပ်ချင်စိတ်လည်းပျောက်သွားတယ် ။ သူ့ကိုပွေ့ဖက်ထားခဲ့တဲ့လူရဲ့ပုံရိပ်ကိုဝေဝေဝါးဝါးနဲ့ အခိုးအငွေ့တွေပဲမြင်ရပေမဲ့ ကျယ်ပြန့်တဲ့ရင်ခွင်၊သန်မာတဲ့လက်မောင်းတွေရှိမယ်ဆိုတာသေချာတယ် ။ ယခုသူ့ကိုဖက်ထားတဲ့ယုန်ကတော့သေးသေးကွေးကွေးနဲ့ရှောင်းကျန့်လက်နှစ်ဖဝါးပေါ်ချီထားရင်နည်းနည်းလေးလျှံကျနေရုံ ။ လက်တိုလေးတွေက သူ့ပခုံးကိုတောင်ကောင်းကောင်းမဖက်နိုင်ဘူးမလား ။ မေးဖက်လေးနှစ်ဖက်ပဲသူပြည့်ပြည့်ဝဝပင့်ပွေ့ဖက်ပေးထားနိုင်တယ် ။ဒါပေမဲ့..
"ဘာလို့အိပ်မက်ထဲက ခံစားချက်နဲ့တူနေရတာလဲနော် မင်းကသေးသေးလေးကိုဘာကြောင့်နွေးနေရတာလဲ "
*
ရေကန်ထဲကထွက်လာတဲ့ယုန်ဖြူက လရောင်ကြောင့်တောက်ပနေတယ် ။ ရေကိုခါရင်း သူ့မျက်ဝန်းစိမ်းတွေက တစ်နေရာကိုစိုက်ကြည့်လိုက်တယ် ။
"Ice"
"အဆင်ပြေနေပါရဲ့လား "
Ice က မြင်ရခဲတဲ့သူ့ပုံစံအစစ်အမှန်နဲ့ ဒူးတုပ်လျက်မာန်ချထားတယ် ။ နက်ရှိုင်းတဲ့ယောကျာ်းပျိုသံက တုန်တုန်ယင်ယင်နဲ့ ။
Alpha အနေနဲ့ Ice ကိုမျက်စိတစ်မှိတ်အတွင်း
ဝိဥာဥ်ချုပ်နိုင်ခဲ့သည့်တိုင် ၊ ဒါကိုသိသိလျက် Ice ဆိုတာမာန်မချတတ်တဲ့ သားရဲမျိုးထဲမှာပါတယ် ။ ယခင်မိမိလက်အောက်ခစားလာခဲ့ပြီး အရိုအသေရှိသလိုပြုမူနေပေမဲ့ Alpha ရဲ့အမိန့်တိုင်းကို လိုက်နာခဲ့တာမျိုးမဟုတ်ပေ ။ Alpha ရဲ့တစ်သက်တာမှာခေါင်းအမာဆုံးနဲ့ အပုန်ကန်ဆုံးသားရဲကောင်ဆိုလို့ Ice အပြင်နောက်တစ်ယောက်မရှိခဲ့ပေ ။ Ice ရဲ့ဆွေးမြေ့နေတဲ့ မျက်နှာကိုကြည့်ရင်း ပြောင်းလဲလာတဲ့လူအသွင်ကိုလက်ခံယူကာ တင်ပလင်ခွေထိုင်လိုက်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg