သတို့သမီးဝတ်စုံက မြေပေါ်ဖားလျားကျနေတယ် ။ ယုန်တစ်ကောင်ကတော့ ဝါဝန်စပေါ်ထိုင်ရင်းလျှောစီးနေပါတယ် ။
သခင်လုပ်လိုက်တာထုထုတစ်ကိုယ်လုံးအနီကွက်တွေထသွားလို့တဲ့ ။ ထုထုပဲများနေတာကို အခုတော့ ယုန်ပုလုံးဖြစ်နေရပြီ ။
"ကဲကဲ ဓာတ်ပုံမြန်မြန်ရိုက်ပြီးပြန်ကြတော့ "
သမီးကညှာကို ရုတ်တရတ်ကြီး အိမ်ထောင်ချပေးလိုက်ရတဲ့ ခမည်းတော်ကသိပ်မကြည် ။
သူ့သမီးရဲ့ဂါဝန်ပေါ်က ယုန်ကိုကောက်ယူပွေ့ထားပြီး ဓာတ်ပုံရိုက်ဖို့အသင့်ပြင်နေတဲ့ လူကြီးကြီး ။ယုန်က ပျင်းတိပျင်းရွဲနဲ့ လူကြီးကြီးလက်ပေါ် လှဲအိပ်လိုက်တယ် ။ သူ့ကိုစိုက်ကြည့်နေတဲ့ Ice ကိုမြင်တော့ လျှာကိုတလှုပ်လှုပ်ထုတ်ပြလိုက်တယ် ။
" ဓာတ်ပုံရိုက်နေတယ်လေ Sean "
Alpha က အနောက်မှာရပ်နေရာကနေ ခပ်တိုးတိုးကပ်ပြောတော့ သခင်ကိုမြင်သွားတဲ့ Sean က ကော့လန်ပြီး သူ့သခင်ကိုချီခိုင်းတယ် ။
"နေစမ်းပါ ငါချီထားတယ် ဘာဖြစ်နေတာလဲ "
Alpha က လျှာသပ်ပြီးနောက်ပြန်ဆုတ်လိုက်ရတယ် ။ မင်္ဂလာပွဲရဲ့အဓိက စီစဥ်သူက သူပဲကိုး ။ ခမည်းတော်ထိန်းထားတဲ့စိတ်ကိုသူသွားမဆွရဲ ။
ဓာတ်ပုံရိုက်ပြီးတော့ လာဗီယာကိုမင်္ဂလာကားဆီလိုက်ပို့ပေးနေတဲ့ ခမည်းတော်ကြောင့် ယုန်ကို
အမြန်ပြန်ခေါ်ပြီး လစ်ထွက်လာခဲ့လိုက်တယ် ။"ကိုယ်တို့လည်းမင်္ဂလာဆောင်ကြမလား "
ယုန်ကလှုပ်တုပ်တုပ်နဲ့ ထလာပြီး သူ့မင်္ဂလာပွဲအတွက်ရင်ခုန်နေတယ် ။ မင်္ဂလာပန်းစည်းကိုလည်းထုထုဖမ်းမိလာတယ်လေ ။ ဟုတ်တာပေါ့ထုထုမင်္ဂလာဆောင်ရမှာပေါ့ ။
"လာဗိီယာကလေးလေးမွေးပြီးတာနဲ့ကိုယ်တို့မင်္ဂလာဆောင်ကြမယ် "
ဟင် ကလေးလေးက ဘယ်တော့မွေးမှာလဲ ။
"ကလေးမွေးတာကိုသိလား "
Alpha က အိပ်ယာပေါ်လှဲလိုက်ပြီးသူ့ယုန်ကိုအသာပွေ့လို့ လူသားတွေ ကလေးမွေးတဲ့အကြောင်းရှင်းပြတယ်။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg