အခန်း (၄၇) - အရောင်စုံစာအုပ်ဖတ်တဲ့ထုထု ။
ထုထုရင်ဘတ်လေးကိုအသာဖိထားရင်း အိပဲ့ပဲ့နဲ့လျှောက်သွားနေပါတယ် ။ သခင်ညကနမ်းပြီးတာနဲ့အိပ်မယ်ဆိုပြီး ထုထုနို့တွေခိုးစို့ထားတယ် ။ ထုထုဖြင့်သခင့်ကိုယ်ကိုဆော့ရင် နူးနူးညံ့ညံ့လေးဆော့တာပါ ။
"ဟေး "
ပခုံးကိုခုန်ဖက်လိုက်တဲ့ Ice ကြောင့် ထုထုခါးလေးကုန်းသွားတယ် ။ Ice က ဒီနေ့ယောကျာ်းလေးလိုပြင်လာတယ် ။
"ဘာဖြစ်နေတာလဲ "
"ထုထုနို့နာနေလို့ သခင်အများကြီးကိုက်ထားတယ် "
Ice က မျက်ခုံးပင့်တက်သွားခဲ့တယ် ။ ဟ... သူ
ဝိညာဥ်စစ်ပေးလိုက်တာမှရက်ပိုင်းရှိသေး တန်းလုပ်တော့တာပဲလား ။ Ice ကဖြူလွှလွှအသားအရည်နှင့်မျှမလိုက်အောင်မှောင်မှောင်မဲမဲပြုံးလိုက်တယ် ။ ဒီသခင်က ရိုးသားချင်ယောင်ဆောင်ပြီး အစားကျူးတာပဲ ။"ဘယ်လိုလဲ သခင်နဲ့ လုပ်ရတာကောင်းလား "
"ဘာလုပ်တာလဲ "
"ကျစ်... အ'ပြန်ပြီ "
Ice က ကောင်လေးရဲ့နားနားကပ်ပြီးခပ်တိုးတိုးပြောလိုက်တယ် ။ ထုထုက မျက်လုံးလေးဝိုင်းသွားတယ် ။
"သခင်ကမိတ်လိုက်မယ်ပဲပြောတာ လင်မယားလုပ်တမ်းကစားမယ်မပြောဘူး"
"ဟ.. မိတ်လိုက်မှတော့ ညားပြီပေါ့ဟ "
ထုထု မျက်မှောင်ကုပ်လိုက်တယ် ။ ထုထုတို့လွင်ပြင်မှာတော့မိတ်လိုက်ပြီးရင်ပြီးပြီလေ ။ လင်မယားဆိုတာ လူကြီးကြီးနဲ့မာမီလိုနေရတယ်ဟုတ်ဘူးလား ။ ထုထုကလူကြီးကြီးနဲ့မာမီချစ်သလိုချစ်ချင်တာ ။
[ Sorry For AN -တောယုန်သဘာဝမိတ်လိုက်ပြီးတာနဲ့မိသားစုရယ်လို့လည်းမရှိတော့ ထုထုကအဲ့ဒါကိုပဲမှတ်ထားတာပါ ၊ မိတ်လိုက်တာနဲ့ ချစ်တာ ကိုတစ်ခုဆီလို့ပဲထင်ထားတာ ၊ ခံစားချက်တွေသေချာမခွဲတတ်တဲ့သဘောပေါ့]"ဒါပေမဲ့သခင်ကထုထုကိုအချစ်လေးလို့လည်းမခေါ်ဘူး ၊ ဇနီးလေးလို့လည်းမခေါ်ဘူး "
"မင်းက မိန်းကလေးမှမဟုတ်တာ ၊ ဇနီးလေးလို့ခေါ်ပါ့မလား "
ထုထုလည်လေးစောင်းပြီးရှုပ်သွားတယ် ။ ဇနီးဆိုတာ သခင့်ချစ်သူဆိုရင်ဇနီးဖြစ်မယ်လို့ပဲ ထုထုထင်ထားတာ။ မိန်းကလေးမှဇနီးလို့ခေါ်ရမယ်တဲ့လား ။ လောကကြီးကနက်နဲလိုက်တာနော ။ ထုထုခေါင်းတွေမူးပါတယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg