"မမရေ "
"ဟဲ့ "
မမကသူ့ဗိုက်ကိုရှောင်းကျန့်မတော်တဆမထိမိအောင်ကာထားရင်းဟန့်တယ် ။
"အိတ်တွေပေး မမ ၊ ကိုကြီးရော "
"ကလေးပစ္စည်းတွေဝယ်နေတယ် "
"ဟင်?မွေးလည်းမမွေးသေးဘဲနဲ့ "
"အော်ရှောင်းကျန့်ရယ် မွေးပြီးမှဝယ်ရမလား ၊ diaper တို့ တစ်ရှုးတို့အနှီးတို့က ကြိုပြင်ထားရတာပေါ့ အခုခေတ်အခြေအနေကမကောင်းဘူး ကုန်ပစ္စည်းတွေမျက်စိတဟ်မှိတ်အတွင်းစျေးတက်နေတာ ...နေပါဦး နင်ကဆိုင်ကအစောကြီးသိမ်းလာတာလား? အဲ့တစ်ခင်းစာနေရာလေးကလည်း အလကားရတာမဟုတ်ဘူးနော်
ရှောင်းကျန့် ""ဟမ့် ကျန့်ကျန့်ကဖြင့် အကုန်လုံးရောင်းခဲ့ပြီ "
"ပျောက်လာခဲ့တာလား ?"
စတိုးဆိုင်ကြီးရှေ့မှာမတ်တပ်ရပ်အော်နေတဲ့နှစ်ယောက်ကြောင့် ဘေးကကွက်ကြည့်ကွက်ကြည့်ဖြစ်လာခဲ့တယ် ။
"ကဲ ဟိုနှစ်ယောက်ဘာဖြစ်ပြန်တာလဲ ၊ မိန်းမကလည်း ခဏလေးထားခဲ့တာကို ရအောင်လိုက်လာတယ် "
"ကားပေါ်မှာအသက်ရှုကျပ်လို့ "
"ကိုကြီး သားစျေးရောင်းတာအကုန်ကုန်လာတယ် "
"ဘာတွေကုန်သွားတာလဲ? "
"ဟာ စျေးရောင်းတာလေ "
"ယောက်ဖကိုဘာတွေနှုတ်သီးထော်ပြနေတာလဲ ငါရိုက်ထလိုက်လို့ "
"ကဲပါကွာ ရန်ကလည်းဖြစ်လို့မပြီးဘူးလား ၊ ကားပေါ်တက်ကြ ကျုပ်ဗိုက်ဆာနေပြီ "
"ကျန့်ကျန့် ဝက်သားချက်ထားတယ် "
"ဖားမနေနဲ့ ဘာတွေမွှေလာပြီလဲမသိဘူး"
"ဟာ ကျန့်ကျန့်စိတ်ဆိုးလာပြီနော် "
သူ့မှာချီးကျူးခံချင်လို့ ယုန်ကိုပြန်ပို့ပြီးတာနဲ့လမ်းထိပ်မှာမမတို့ကိုကြိုဖို့ထွက်လာတာကို ။ မမတို့အိမ်ပြန်ရောက်လာမဲ့အချိန်အထိသူစောင့်မနေနိုင်ဘူးလေ ။ ကားပေါ်ရောက်တာနဲ့ စျေးရောင်းရတဲ့ငွေပိုက်ဆံအိတ်လေးကိုမမလက်ထဲထိုးထည့်ပေးလိုက်တယ် ။

YOU ARE READING
Xiao Tu Tu and Leo
FanfictionBJYX FANFICTION YIZHAN YIBO- GONG XIAO ZHAN-SHOU M-Preg