抖阴社区

~7~

9.1K 1.3K 58
                                    

"ဝှား"

ရေနွေးနွေးလေးထဲ ခြေစိမ်ရင်း ထုထုသမ်းလိုက်တယ်။ သခင်ကသူထိုင်ဖို့ဒူး​တစ်ဖက်ထောင်ပေးထားတယ်။ထုထုလေ ကျွန်းပေါ်ရောက်နေသလိုပဲ ။

သခင်ကထုထုသွားတွေကိုတိုက်ပေးတယ် ။
ထုထုသခင့်ကိုဖက်ထားလိုက်တယ်။ ထုထုအရမ်းချွဲချင်တာ။

ရေချိုးပြီးတော့သခင်ကအဝတ်ဝတ်တယ်။ထညထုလည်းခပ်တည်တည်ပဲအဝတ်ပုံမွှေပါတယ် ။ ညအိမ်ဝမ်းဆက်လေးတွေ့တော့သူပါးစပ်နဲ့ကမုက်ပြီးသခင့်ရှေ့ချပေးလိုက်တယ် ။ လက်လေးနှစ်ဖက်မြှောက်ထားတော့သခင်ကအလိုက်တသိဝတ်ပေးတယ်လေ ။

အဝတ်ဝတ်ရုံနဲ့မပြီးမပြီးသေး ။ ထုထုမွှေးပွဦးထုပ်နီလေးပါဆောင်းလိုက်တယ်။ သခင်ကစာအုပ်တစ်အုပ်ကိုရွေးပြီးအိပ်ယာပေါ်တက်လိုက်တယ် ။ ထုထုလည်းပါတာပေါ့။ ထုထုကိုရင်ခွင်ထဲဖက်ထားတာပါဆို ။

Alpha က စာတစ်မျက်နှာကို မိနစ်ပိုင်းအတွင်းဖတ်နိုင်မှတ်သားနိုင်တဲ့ ဦးနှောက်ကောင်းလေးရှိပါတယ် ။ အခုတော့သူစာတစ်ကြောင်းတောင်မဖတ်နိုင်ဘူး။ သူ့ယုန်ကစာအုပ်ထဲခုန်ဝင်တော့ရှေ့ကနေပိတ်ပြီးစာဖတ်နေတယ်လေ ။ သူမြင်ရသမျှအမြီးလုံးလေးနဲ့ ယုန်ဖင်ကိတ်လေးပဲ ။   Sean က ယုန်ထက်ကြောင်စိတ်ဝင်နေတယ်လို့သူမြင်မိတယ် ။

နောက်တစ်ရက်မှာတော့ ထုထုလွယ်အိတ်လေးနဲ့အပြင်သွားဖို့ရှိုးထုတ်နေပါတယ် ။ သူ့ခေါင်းကအမွှေးလေးတွေကိုထောင်ပြီး ကေသနေတယ်ဆိုပါတော့ ။

"Sean အပြီးသေးဘူးလား ကိုယ်နောက်ကျတော့မယ် "

ပြီးပြီလို့ပြီးပြီ ။ တအား​ငြိုငြင်တာပဲလား ။ ထုထု
မှန်ကိုသံယောစဥ်မပြတ်စွာကြည့်ပြီး ထွက်လာခဲ့တယ် ။ Alpha ကနေ့တစ်ဝက်လောက်မြို့စစ်ဆေးရေးလုပ်ဆောင်ရပြီးပြဿနာအရပ်ရပ်ကိုဖြေရှင်းရတယ် ။ သခင်ပင်ပန်းနေပြီ ။ ထုထုသနားလိုက်တာ ။ ထုထုသခင်အမောပြေအောင်ဖက်ထားလိုက်တယ် ။

မြို့ကိုလှည့်စစ်ဆေးနေရင်းစျေးတန်းထဲရောက်တော့ Alpha က အလှကုန်ရောင်းတဲ့ဆိုင်ရှေ့ရပ်လိုက်တယ် ။

"ခေါင်းဆောင် ဘာလိုချင်လို့လဲရှင့် "

"မှန်ပါတဲ့ဟာ ခပ်သေးသေး "

Xiao Tu Tu and Leo Where stories live. Discover now